ပါကစ္စတန်နိုင်ငံတွင် နေတိုးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

alt

ပါကစ္စတန် နိုင်ငံမှ မီးသတ် တပ်ဖွဲ့သည် စစ် သွေးကြွများ ၏ တိုက်ခိုက်မှုကြောင့် မီး  လောင်ကျွမ်းနေသည့် NATO တပ်ဖွဲ့ပိုင် ထရပ် ကားများကို (၅) နာရီကြာ အချိန်ယူ ငြှိမ်းသတ် ခဲ့ရကြောင်း သိရှိရသည်။

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ် မြို့တော် အပြင်ဖက် စစ်ဆေးရေး ဂိတ်တစ်ခု အနီးတွင် ဇွန်လ (၈) ရက်နေ့ ညပိုင်းက တိုက်ခိုက် ခံရမှုကြောင့် NATO တပ်ဖွဲ့ဝင် (၆) ဦးသေဆုံးကာ အခြား (၆)ဦး ဒဏ်ရာများ ရရှိခဲ့သည်။

အစ္စလာမ် မာဘတ်မှ အနောက်တောင်ဖက် ကီလိုမီတာ (၅၀) အကွာရှိ တာနော ဒေသအနီး ဆီတင်ယာဥ် (၅၀)၊ ထောက်ပံ့ရေး ထရပ်ကားများ၊ သံချပ် ကာယာဥ်များ၊ ကြီးမားသော ယန္တရားယာဥ်ကြီးများ ပါဝင်သည့် ယာဥ်တန်းကို အကြမ်းဖက်သမားများက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများက သေဆုံးသူ (၆)ဦးရှိကြောင်း ပြောကြားထားသော်လည်း အစ္စလာမ်မာဘတ် ဆေးရုံမှ ဆရာဝန်များက အလောင်း (၈) လောင်းကို လက်ခံရရှိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

NATOတပ်ဖွဲ့က ယာဥ်မောင်းများနှင့် ကူညီသူများ မီးလောင်သေဆုံးခဲ့သလို ဒဏ်ရာရသူများအနက် (၂)ဦးမှာ အခြေအနေဆိုးကြောင်းလည်း ပြောကြားခဲ့သည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အကြမ်းဖက် အဖွဲ့အစည်း လက်ချက်ဖြစ်ကြောင်းကို တိတိကျကျ မသိရသေးကြောင်းလည်း NATOတပ်ဖွဲ့က ဝန်ခံပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here