Apple iPad အသုံးပြုသူများ၏ email address များ ခိုးယူခံရ

alt

Apple၏ Tablet ကွန်ပျူတာ iPad အသုံးပြုသူ (၁၁၄၀၀၀)ကျော် ၏ email address များကို Hacker များက ထိုးဖောက် ရယူသွားကြောင်း သိရသည်။ iPad အသုံးပြုသူများသည် AT&T 3G ဝိုင်ယာလက် နည်းပညာ အတွက်

Sign Upပြုလုပ်ရာမှ ပေါ်ပေါက် လာသော လုံခြံုရေး ယိုပေါက်ကို အခွင့်ကောင်းယူကာ Hacker များက ယခုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်တွင် ခိုးယူခံရသည့် email address များအနက် နာမည်ကျော် အနုပညာရှင်များနှင့် နိုင်ငံရေး သမားများ၏ Account များပါ ပါဝင်ကြောင်း သိရသည်။ Goatse Security ဟု အမည်မှည့်ထားသော Hacker အဖွဲ့ တစ်ခုက ၎င်းတို့သည် AT&T ၏ လုံခြံုရေး အားနည်းချက်များကို အသုံးချကာ ယခုလို ထိုးဖောက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။ AT&T ကလည်း အဆိုပါ ကိစ္စ အတွက် ၎င်းတို့၏ လုံခြံုရေး ယိုယွင်းမှုတွင် တာဝန်ရှိကြောင်း ဝန်ခံခဲ့သည်။

အိမ်ဖြူတော် ဝန်ထမ်းရေးရာ အကြီးအကဲ ရမ်းအီမန်နျူရယ်နှင့် နယူးယောက်မြို့တော်ဝန် မိုက်ကယ်ဘလွမ်းဘတ်တို့၏ email address များလည်း အဆိုပါ စာရင်းတွင် ပါဝင်သည်။ ထို့အပြင် နယူးယောက်တိုင်း သတင်းဌာန၊ Time Inc. နှင့် Dow Jones တို့မှ CEOများ၏ Address များလည်း ပါခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး Appleက တစုံတရာ ထင်မြင်ချက်​ ပေးရန် ငြင်းဆိုထားကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here