နီ​မန်​ဂျာ​ဗီ​ဒစ်​နေ​ရာအ​တွက်​ ​ပါ​လာ​မို​မှ​ ​ဆိုင်​မွန်​ကာ​ဂျာ​အား​ ​မန်​ယူ​ချိတ်​ဆက်

alt

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလတွင် အသင်းမှ ထွက်ခွာဖွယ် ရှိနေသော နောက်တန်းလူ နီမန်ဂျာ ဗီဒစ်၏ နေရာ အတွက် အီတလီ ကလပ် ပါလာမိုမှ

ဒိန်းမတ် လက်ရွေးစင် ဆိုင်မွန် ကာဂျာကို ချိတ်ဆက် နေကြောင်း သိရသည်။ အသက် (၂၈) နှစ်အရွယ် ဆာဘီးယား လက်ရွေးစင် ဗီဒစ်သည် ဇနီး ဖြစ်သူက အင်္ဂလန်မြေကို သဘောမကျ ခြင်းကြောင့် ယူနိုက်တက်အား စွန့်ခွာရန် ပြင်ဆင် နေကြောင်း သတင်းများက ဖော်ပြ လျက်ရှိပြီး ၎င်းကို ဥရောပ ထိပ်တန်း အသင်းများ ဖြစ်ကြသည့် ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာနှင့် အေစီမီလန်တို့က ချိတ်ဆက် လျက်ရှိသည်။

အသက် (၂၁) နှစ်သာ ရှိသေးသော ကာဂျာသည် အီတလီ အမှတ်ပေး ပြိုင်ပွဲတွင် အထူး ခြေစွမ်းပြ လျက်ရှိသဖြင့် ယူနိုက်တက်အပြင် အခြားသော အင်္ဂလန် ထိပ်တန်း ကလပ်များ ဖြစ်သည့် အာဆင်နယ်၊ မန်ချက်စတာ စီးတီးနှင့် တော့တင်ဟမ် ဟော့စပါးတို့က ပါ စိတ်ဝင်စား လျက်ရှိသည်။ ပါလာမို ဥက္ကဌ မော်ရစ်ဇီယို ဇမ်ပါရီနီက ၎င်း အနေနှင့် အသင်း၏ အရည်အသွေးမြင့် လူငယ် ခံစစ်မှူအား မရောင်းဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်း သွားမည်ဟု ပြောကြား ထားသည်။

သတင်းများ အရ ယူနိုက်တက် နည်းပြကြီး ဆာအလက် ဖာဂူဆန်သည် ကာဂျာအား ပေါင် (၁၂) သန်းမျှဖြင့် ကမ်းလှမ်း သွားရန် စီစဥ် နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here