သ​မီး​ဖြစ်​သူ​ကို​ ​နေ​အိမ်​တွင်​ ​ချုပ်​နှောင်​ပေါင်း​သင်း​ခဲ့​သည့်​ ​ဘ​ရာ​ဇီး​အ​မျိုး​သား

alt

ဘရာဇီးနိုင်ငံတွင် အမျိုးသား တစ်ဦးသည် သမီး ဖြစ်သူအား နေအိမ် အတွင်း ချုပ်နှောင်ကာ (၁၂) နှစ်လုံးလုံး ပေါင်းသင်း နေထိုင်ခဲ့ပြီး ကလေး (၇) ဦး မွေးဖွားခဲ့ကြောင်း သိရသည်။

ပင်ဟီရိုမြို့ပြင်မှ ခေါင်သီသော တံငါရွာလေး အိတ်စပါရီမန်တို့တွင် နေထိုင်သည့် ဂျို့အဂေါ်စတင်ဟို ပီရာရာသည် အမည်​ မဖော်ပြသည့် ၎င်း၏ သမီးအား (၁၆) နှစ်ကတည်းက အကြိမ်ကြိမ် မုဒိမ်း ကျင့်ခဲ့ကြောင်း ရဲများက စွပ်စွဲ ထားသည်။ ယခုအခါ ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံထားရသည့် အသက်​ (၅၄)​ နှစ်အရွယ် ကာမ​ ဘီလူးသည် အသက်​ (၂၈)​ နှစ် ရှိနေပြီ​ ဖြစ်သော သမီးအား အခန်း​ နှစ်ခန်းသာ ပါဝင်ပြီး စုတ်ခြာစွာ ဆောက်လုပ်​ ထားသည့် တဲငယ်​ အတွင်း အတင်းအကြပ် ပိတ်လှောင်​ ထားခဲ့သည်။ ရီယိုဒီဂျနေရိုး မြို့တော်မှ မြောက်ပိုင်း မိုင်​ (၁၄၀၀)​ မျှ အကွာရှိ ရွာကလေးတွင် နေထိုင်သော ပီရာရာအား ယခု​ သီတင်းပါတ်အတွင်း ဖမ်းဆီး​ ထားသော်လည်း စွဲချက်​ မတင်ရသေးပေ။

ဘရာဇီး​ နိုင်ငံ ဥပဒေအရ ရဲများက အမှုဖြစ်စဥ် တစ်ခုလုံးကို စုံစမ်း​ ဖော်ထုတ်ပြီးမှသာ ပီရာရာအား အစိုးရ ရှေ့နေများက တရားစွဲ​ နိုင်မည်​ ဖြစ်သည်။ ပီရာရာသည် (၁၉၉၈)​ ခုနှစ်ကတည်းက ဇနီး​ ဖြစ်သူ၏ စွန့်ပစ်မှုကို ခံခဲ့ရကြောင်း ရဲများက​ ဆိုသည်။ ၎င်းနှင့် သမီး​ ဖြစ်သူတို့သည် မိန်းကလေး​ (၄)​ ဦးနှင့် ယောက်ျားလေး (၃)​ ဦးကို မွေးဖွား​ ထားပြီး အသက်(၁၂)​ နှစ်မှ (၂)​ လအရွယ်ထိ အသီးသီး​ ရှိကြောင်း သိရသည်။ ပီရာရာ​ ၏ သမီးအား ယခုအခါ အစိုးရ၏ လူမှုကာကွယ် စောင့်ရှောက်ရေးဌာနက တာဝန်ယူ ထိန်းသိမ်း​ ပေးထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here