လမ်း​ဘေး​ဗုံး​ ​ရှာ​ဖွေ​ ဖော်​ထုတ်​နိုင်​မည့်​ လေ​ဆာ​ရောင်​ခြည်​ ​နည်း​ပ​ညာ​ ​စမ်း​သပ်​တီ​ထွင်

alt

သိပ္ပံပညာရှင်များသည် လမ်းဘေးတွင် ထောင်ထားသော မိုင်းဗုံးများ အား ကြိုတင် သိရှိ ဖော်ထုတ် နိုင်မည့် လေဆာ ရောင်ခြည် နည်းပညာ တစ်မျိုးအား စမ်းသပ် တီထွင်နေကြောင်း သိရသည်။

အကုန်အကျ နည်းပါးစွာ အသုံးပြု နိုင်မည့် အဆိုပါ လေဆာ နည်းပညာသစ်သည် အာဖဂန် နစ္စတန်နှင့် အီရတ်တို့တွင် လမ်းဘေးဗုံးကြောင့် မဟာမိတ် တပ်သားများနှင့် အရပ်သားများ သေကြေ ဒဏ်ရာ ရနေခြင်းကို တားဆီး ပေးနိုင်မည်ဟု စိန့်အင်ဒရူး တက္ကသိုလ်မှ ဒေါက်တာ ဂရေဟမ် တမ်းဘဲက ပြောကြား ခဲ့သည်။

ယင်း လေဆာ ရောင်ခြည်သည် ဖုံးကွယ် သိုဝှက်ထားသော ဖောက်ခွဲရေး ကိရိယာ အနီး ကပ်ငြိ နေသည့် ရေခိုး ရေငွေ့များကို အာရုံခံ သိရှိ စေမည်ဟု ဒေါက်တာ ဂရေဟမ်က ရှင်းပြ ခဲ့သည်။ အီရတ်နှင့် အာဖဂန်တို့တွင် အသုံးပြု နေသည့် မိုင်းများတွင် အလွန် အားပျော့သော ရေခိုး ရေငွေ့ အစုလေးများ စွဲကပ် နေကြကြောင်း၊ ယင်းတို့ကို ကြိုတင် သိရှိခြင်းဖြင့် နင်းမိုင်းများ၏ အန္တရာယ်ကို ကာကွယ် နိုင်ရန် စီစဥ် ထားကြောင်း ယင်းက ဆိုသည်။

 သုတေသီများသည် TNTကဲ့သို့ ဖောက်ခွဲရေး ပစ္စည်းများကို Polyfluorence ဆိုသည့် အထူး တီထွင်ထားသော အလင်း ထုတ်လွှင့်သည့် ပလပ်စတစ်မျိုးဖြင့် ခြေရာခံ တွေ့ရှိ နိုင်ကြောင်း စမ်းသပ် သိရှိထားသည်။ ယခု နည်းပညာ အရ ပြင်းအား နိမ့်သည့် လေဆာ နည်းပညာဖြင့် ဖောက်ခွဲရေး ကိရိယာများ အနည်း ကပ်ငြိနေသည့် ရေငွေ့ ထုထည်ကို ကွဲကွဲပြားပြား သိရှိ နိုင်မည်ဟု ပညာရှင်များက ပြောကြား ခဲ့သည်။ အဆိုပါ တီထွင် စမ်းသပ်မှုနှင့် ပတ်သက်ပြီး အသေးစိတ် တွေ့ရှိမှုများကို Advanced Functional Materials​ ဂျာနယ်တွင် ဖော်ပြ ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here