​အ​ထူး​ချွန်​ဆုံး​ ​တက်​သစ်​စ​ ​ဟော​လီး​ဝုဒ်​ မင်း​သ​မီး

alt

Twilight​ မင်းသမီး ခရစ်စတီယန် စတီးဝတ်သည် အသက် (၃၀) အောက် ဟောလီးဝုဒ် မင်းသမီးများ အနက် အထူးချွန်ဆုံး အဖြစ် မဲပေး ရွေးချယ်ခြင်း ခံခဲ့ရသည်။

DVD​ အငှားဌာန LOVEFiLM​ က ပရိသတ်များထံ ကောက်ယူသော စစ်တမ်းတွင် အများစုက သရုပ်ဆောင် ထူးချွန်သည့် ငယ်ရွယ်သော မင်းသမီးများ အနက် စတီးဝတ်က အတော်ဆုံးဟု ထောက်ခံ ခဲ့ကြသည်။ LOVEFiLM သည် ယခု စစ်တမ်းကို နှစ်စဥ် ကောက်ခံ ကြေညာ လေ့ရှိရာ ယမန်နှစ်က နံပါတ် (၁) နေရာကို မင်းသမီး အန်နာဟီသာဝေးက ပိုင်ဆိုင် ခဲ့သည်။

သို့သော်လည်း ဟီသာဝေးသည် ယခု နှစ်တွင် ထိပ်ဆုံး (၁၀) ဦး စာရင်းပင် မဝင်တော့ချေ။ ယမန်နှစ်က နံပါတ် (၈) သာ ရခဲ့သော စတီးဝပ်က (၂၀၁၀) တွင်မူ နံပါတ် (၁) နေရာသို့ ရောက်ရှိ လာသည်။ LOVEFiLM ပရိသတ်က မဲပေး ရွေးချယ်သည့် အသက် (၃၀) အောက် အထူးချွန်ဆုံး ဟောလီးဝုဒ် မင်းသမီးများ အနက် ထိပ်တန်း (၁၀) နေရာတွင် ခရစ်စတီယန် စတီးဝတ်၊ မစ်ချီလီ ဝီလျံ၊ မီယာ ဝါဆီကော်စကာ၊ ကာရေ မူလီဂန်၊ အာမန်ဒါ ဆိုင်းဖရိုက်၊ အီမီလီ ဘလန့်၊ အဘေး ကောနစ်၊ အီလန်ပေ့၊ ဂမ်မာအာတီတန်နှင့် ဖရီဒါပင် တိုတို့က အစဥ်လိုက် ရပ်တည် ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here