က​မ္ဘာ့​ဖ​လား​ကာ​လ​​ အ​တွင်း​ ​မု​ဒိမ်း​ကျင့်​​ ခံ​ရ​ခြင်း​မှ​ ​ကာ​ကွယ်​ရန် ​အ​မျိုး​သ​မီး​သုံး​​ ကွန်​ဒုံး​ ​ဖြန့်​ဝေ​

alt

တောင်အာဖရိက နိုင်ငံမှ ဆရာဝန် တစ်ဦးသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ နေစဥ် အတွင်း အမျိုးသမီးထု အကြမ်းဖက် မုဒိမ်း ကျင့်ခံရခြင်းမှ ကင်းဝေးစေရန် ရည်ရွယ် ထုတ်လုပ် ထားသည့် ကွန်ဒုံး တစ်မျိုးအား အခမဲ့ ဖြန့်ဝေ ပေးသွား မည်ဟု သိရသည်။

ဒေါက်တာ ဆွန်းနက်အီလာက သူမ ကိုယ်တိုင် တီထွင် ထားသည့် အမျိုးသမီးသုံး ကွန်ဒုံးကို Rape-aXe​ ဟု အမည် ပေးထားကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ ကွန်ဒုံးတွင် အလွန် သေးငယ်သော ချိတ်ကလေးများ ပါဝင်ပြီး အမျိုးသမီး၏ လိင်အင်္ဂါ အတွင်း ထည့်သွင်း တပ်ဆင်ထားပါက အကြမ်းဖက် မုဒိမ်းကျင့်သူ အမျိုးသား၏ လိင်တံတွင် တွယ်ငြိ ကပ်ပါသွားမည် ဖြစ်သည်။ ထိုထောင်ချောက်ဆင် ကွန်ဒုံးအား ဆေးရုံတွင်သာ ဖယ်ရှား နိုင်မည်ဟု ဒေါက်တာ ဆွန်းနက်ကဆိုသည်။ ထို့ကြောင့်လည်း ဆေးရုံမှ ဆရာဝန်များသည် အဆိုပါ ပုဂ္ဂိုလ်မှာ မုဒိမ်းမှု ကျူးလွန် လာကြောင်း ချက်ချင်း ဖော်ထုတ် လိုက်နိုင်မည် ဖြစ်သည်။

ယခင်က အလားတူ ထောင်ချောက် ကွန်ဒုံးမျိုး တီထွင်ဖူးသော်လည်း Rape-aXe တွင် ပါဝင်သည့် ချိတ်များမှာ ပိုမို သေးငယ်ပြီး တိုက်ခိုက် ပြုကျင့်သူ၏ လိင်အင်္ဂါ အရေပြားကို မပေါက်ပြဲ စေသောကြောင့် HIV ပိုး ကူးစက်မှုကို ကာကွယ် နိုင်မည်ဟု သိရသည်။ သို့သော်လည်း Rape-aXe နှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသလို အမျိုးသမီး အခွင့်အရေး ကာကွယ်ရေး အဖွဲ့များက ယင်း ကွန်ဒုံးသည် အမျိုးသမီးများ အတွက် အမှန်တကယ် အကာအကွယ် မပေးနိုင်သည့် အပြင် လိင် အကြမ်းဖက်သမားအား စိတ်ဆိုးအောင် ဆွပေးရာ ရောက်သဖြင့် ပိုမိုအန္တရာယ် ကြီးနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အချို့သော အမျိုးသမီးများသည် ရိုးရိုး သားသား ငွေကြေး ပေးကမ်းပြီး အပျော်အပါး လိုက်စားသည့် အမျိုးသားများအား ထောင်ဖမ်းသည့် လက်နက် တစ်ခု ဖြစ်လာ နိုင်ကြောင်း ထောက်ပြ ခဲ့သည်။ တောင်အာဖရိက နိုင်ငံသည် ကမ္ဘာပေါ်တွင် မုဒိမ်းမှု အထူပြောဆုံး နိုင်ငံ တစ်ခုဖြစ်ပြီး နိုင်ငံ အတွင်းရှိ အမျိုးသမီး (၄) ဦးတွင် (၁)ဦးတိုင်း မုဒိမ်း ကျင့်ခံဖူးကြောင်း ဝန်ခံ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here