က​မ္ဘာ့​ဖ​လား​ပြိုင်​ပွဲ​ဝင်​​ ဘော​လုံး​အ​သင်း​များ​ ​စွန့်​ပစ်​ပ​စ္စည်း​အ​သုံး​ပြု​ ဝတ်​စုံ​များ​ ဝတ်​ဆင်​မည်

alt

တောင်အာဖရိက ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် ပါဝင် ယှဥ်ပြိုင်မည့် နိုင်ငံ လက်ရွေးစင် (၃၂) သင်း​ အနက် (၉)​ သင်းသည် စွန့်ပစ် ပစ္စည်းများမှ ပြန်လည် သန့်စင် ချုပ်လုပ် ထားသည့် ဝတ်စုံများဖြင့် ပြိုင်ပွဲ ဝင်ကြမည်ဟု သိရှိရသည်။

ထို့ကြောင့်လည်း ပေါ်တူဂီ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နာဒိုနှင့် ဘရာဇီး တိုက်စစ်မှူး ရော်ဘင်ညိုတို့ကဲ့သို့ ကမ္ဘာ့ထိပ်သီး ကစားသမားများသည် ပလတ်စတစ် ဘူးခွံများနှင့် အခြား အမှိုက်သရိုက်များမှ Recycle လုပ်ထားသော အဝတ်အစားများကို ဂုဏ်ယူစွာ ဆင်မြန်း ကြတော့မည် ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်မှန်းချက်ဖြင့် Nike အားကစား ဝတ်စုံ ကုမ္ပဏီက တီထွင် ချုပ်လုပ် ပေးမည့် အဆိုပါ ဝတ်စုံများကို ကမ္ဘာ့ဖလား (၅) ကြိမ်ရဖူးသည့် ဘရာဇီး၊ ဥရောပထိပ်သီး ပေါ်တူဂီတို့ အပြင် နယ်သာလန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဆာဘီးယားနှင့် ဆလိုဗေးနီးယား နိုင်ငံ လက်ရွေးစင် အသင်းများကလည်း ဝတ်ဆင် ကြမည် ဖြစ်သည်။ ကမ္ဘာကျော် ဘောလုံး သမားများ ဖြစ်သည့် ရော်နာဒို၊ ရော်ဘင်ညိုနှင့် တောင်ကိုရီးယား တောင်ပံ တိုက်စစ်မှူး ပက်ဂျီဆန်တို့သည် တောင်အာဖရိကတွင် ကစားခဲ့သည့် ခြေစမ်းပွဲများ အတွင်း ယင်း Recycle ဝတ်စုံများကို စမ်းသပ် ဝတ်ဆင်ခဲ့ပြီး ကမ္ဘာ့ဖလားတွင်ပါ ဆက်လက် အသုံးပြု သွားမည်ဖြစ်သည်။

စွန့်ပစ်ပစ္စည်းများကို ဓာတုဗေဒနည်းဖြင့် ဝတ်စုံအဖြစ် ပြောင်းလဲ ချုပ်လုပ်ထားခြင်းဟု Nike​ ကဆိုသည်။ ကမ္ဘာ့ဖလားပွဲဝင် အသင်း (၉) သင်း၏ ဝတ်စုံများက ပလပ်စတစ် ဘူးဟောင်း (၁၃) သန်းကို ရှင်းလင်း ပေးခဲ့ပြီး ဓာတုပစ္စည်း ပေါ်လီအက်စတာ (၂၅၄၀၀၀) ကီလိုဂရမ်ကို ရှင်းလင်း ပေးခဲ့ကြောင်းလည်း Nike က ကြေညာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here