ဩစတြေးလျနိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ဟမ်ဘာဂါ

alt

ဩစတြေးလျ​ နိုင်ငံမှ ကဖေး​ တစ်ခုသည် ကမ္ဘာ့​ အကြီးဆုံး စာရင်းဝင် ဟမ်ဘာဂါကြီး တစ်ခုအား ဖန်တီး​ ခဲ့ကြောင်း သိရှိရသည်။ လူပေါင်း​ (၄)​ ဦးက (၁၂)​ နာရီကြာအောင် ပြုလုပ်​ ခဲ့ရသော ဟမ်ဘာဂါကြီးသည်

(၈၁)​ ကီလိုဂရမ် အလေးချိန်ရှိသည်။ ကြီးမားလှသော အဆိုပါ ဟမ်ဘာဂါကြီးအား ကမ္ဘာ့​ စံချိန်​ ဝင်အောင် ဆစ်ဒနီ​ ကဖေးဆိုင် ပိုင်ရှင်များ​ ဖြစ်သည့် ဂျိုးအယ်အာဂျုနှင့် အီမန်အယ်အာဂျုတို့က ကြိုးစား​ ပြုလုပ်ခဲ့သည်။

အဆိုပါ လင်မယားသည် မူလက ကီလိုဂရမ် (၉၀)​ ထိ အလေးချိန်ရှိသော ဟမ်ဘာဂါကို ဖန်တီးရန် ကြိုးစားခဲ့ခြင်း​ ဖြစ်ပြီး အမေရိကန်​ နိုင်ငံ၊ မစ်ချီဂန်တွင်​ ပြုလုပ်ခဲ့သည့် (၈၄)​ ကီလိုဂရမ် အလေးချိန်ရှိသော လက်ရှိ​ ကမ္ဘာ့အကြီးဆုံး ဟမ်ဘာဂါ၏ စံချိန်ကို ချိုးဖျက်ရန် ရည်ရွယ်ခဲ့သည်။ အဆိုပါ ဟမ်ဘာဂါအား ပြုလုပ်ရန် ကြက်ဥ​ အလုံး(၁၂၀)​ နှင့် ချိစ်အပြား (၁၅၀)​ ကျော် အသုံးပြု​ ခဲ့ရသည်။ ထို့အပြင် ခရမ်းချဥ်သီး (၂.၅)​ ကီလိုဂရမ်နှင့် ဂေါ်ဖီထုပ် (၂)​ ကီလိုဂရမ်လည်း ထည့်သွင်း​ ထားရသည်။

ယင်း​ ကြီးမားလှသည့် ဟမ်ဘာဂါကြီးကို ကဖေးသို့ လာရောက်သူများ စားသောက်ခွင့် ပြုခဲ့ကြောင်းလည်း သိရှိ​ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here