တင်းမာမှုများရှိနေသော်လည်း မြောက်ကိုရီးယားသို့ ထောက်ပံ့ရေး ပစ္စည်းများ တောင်ကိုရီးယား ပေးပို့မည်

alt

တောင်ကိုရီးယား နိုင်ငံသည် တင်းမာမှုများ ရှိနေသည့်တိုင် မြောက် ကိုရီးယားသို့ ထောက်ပံ့ရေး ပစ္စည်းများ ဆက်လက် ပို့ဆောင် သွားမည်ဟု အတည်ပြု ပြောကြား လိုက်သည်။

တောင်ကိုရီးယား စစ် သင်္ဘော Cheonan နစ်မြုပ်မှု အတွက် ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး အဆိုးရွားဆုံး အခြေအနေတွင် ရှိနေလင့်ကစား ယခု သီတင်းပါတ် အတွင်း နို့နှင့် အခြားသော လိုအပ်သည့် ထောက်ပံ့ရေး အသုံးအဆောင် ဒေါ်လာ (၃၂၀၀၀၀) ကျော် ဖိုးကို မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံသို့ ပို့ဆောင်ရန် တောင်ကိုရီးယားက ဆုံးဖြတ်ခဲ့သည်။

မတ်လ အတွင်းက မြောက်ကိုရီးယား တော်ပီဒိုကြောင့် စစ် သင်္ဘောမှ ရေတပ်သား (၄၆)ဦး သေဆုံးခဲ့သော်လည်း လူသားချင်း စာနာမှု အထောက်အပံ့များကို မြောက်ကိုရီးယား ပြည်သူများထံ ဆက်လက် ပေးပို့ရန် တောင်ကိုရီးယားက ဆုံးဖြတ်ခဲ့သည်။ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့က မြောက်ကိုရီးယားတွင် အစာရေစာ ပြတ်လပ်မှုသည် ယခုဆယ်စုနှစ်များအတွင်း ပိုမိုဆိုးရွားလာနေကြောင်း ခန့်မှန်းထားသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား စစ်သင်္ဘော ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဖိအားများ ဆိုးရွားစွာ ကြံုတွေ့နေရပြီး ၎င်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှ ဗီတိုအာဏာပိုင်သော ရုရှားနှင့် တရုတ်တို့မှာလည်း ယခုအရေးတွင် မြောက်ကိုရီးယားဖက်မှ ပါဝင်ရပ်တည်ရန် တွန့်ဆုတ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here