ဆေးလိပ်​ သောက်သူများနှင့် နီးနီးစပ်စပ် နေသူများ စိတ်​ ဝေဒနာ ဖြစ်နိုင်

alt

ကိုယ်တိုင်​ ဆေးလိပ် မသောက်သော်လည်း ဆေးလိပ်​ သောက်သူများနှင့် နီးနီးစပ်စပ်​ ကြာရှည်စွာ နေရ​ သူများသည် စိတ်​ ဝေဒနာ ဖြစ်ပွားရန် ပိုမို​ အလားအလာများကြောင်း ဆရာဝန်များက သတိပေး​ လိုက်သည်။

ယခင်က လေ့လာမှုများ​ အရ ဆေးလိပ်​ သောက်သူများနှင့် နီးနီးနားနား နေရ​ သူများသည် နှလုံး​ ရောဂါနှင့် အဆုတ်​ ကင်ဆာများ ဖြစ်နိုင်ခြေ တိုးပွား​ လာကြောင်း ဖော်ထုတ်​ တွေ့ရှိပြီး​ ဖြစ်သည်။ ဗြိတိန်​ နိုင်ငံ၊ လန်ဒန်​ တက္ကသိုလ်မှ ပညာရှင်များက ဆေးလိပ်​ သောက်ခြင်း မရှိသော်လည်း ဆေးလိပ်​ မီးခိုးနှင့် အစဥ်​ ထိတွေ့​ နေရ​ သူများသည် စိတ်ပိုင်း​ ဆိုင်ရာ ယိုယွင်းမှုများ ဖြစ်လာ​ နိုင်ခြေ သာမန်ထက် (၅၀)​ ရာခိုင်နှုန်းကျော် မြင့်မား​ နေတတ်ကြောင်း ရှင်းပြခဲ့သည်။ လန်ဒန်​ တက္ကသိုလ်မှ ဒေါက်တာ​ မတ်ဆမ်မာက ၎င်းတို့သည် ကန့်သတ်​ တိုင်းတာထားသည့် စံနှုန်းများဖြင့် ဆေးလိပ်​ သောက်သူ (၂၅၉၅)​ ဦးနှင့် ၎င်း​ တို့နှင့် နီးစပ်သူ (၅၅၆၀)​ ဦး​ တို့အား လေ့လာ​ ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် စိတ်ကျန်းမာရေး ဆေးရုံများမှ စာရင်းများကလည်း ယခုအဆိုအား ထောက်ခံလျက်​ ရှိကြောင်း သိရသည်။ ယခု​ စပ်ဆက်မှုနှင့် ပတ်သက်ပြီး တိတိကျကျ မသိ​ ရသေးသော်လည်း ဆေးလိပ်​ သောက်ကျင့် မရှိဘဲ နီကိုတင်းဓာတ်ကို ရှူရှိုက်​ ရသည့်အတွက် ဦးနှောက်တွင် သက်ရောက်မှုများ ဖြစ်လာခြင်းဟု ယူဆရကြောင်း ဒေါက်တာ​ ဆမ်မာက ရှင်းပြခဲ့သည်။ လေ့လာမှုများ​ အရ ဆေးလိပ်​ မသောက်တတ်ဘဲ ဆေးလိပ်​ မီးခိုးငွေ့နှင့် အမြဲတစေ နီးစပ်နေသူများသည် စိတ်​ ကျန်းမာရေး ဆိုးရွားမှုများ ဖြစ်ပေါ်​ နိုင်ခြေမှာ ကိုယ်တိုင်​ ဆေးလိပ် သောက်သူများ​ ထက် (၃.၇)​ ဆထိ မြင့်မား​ နေတတ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here