ချဲလ်ဆီး ကွင်းလယ် လူ မိုက်ကယ် ဘောလက်အား ကလပ် အသင်းများ အပြိုင်အဆိုင် ခေါ်ယူလို

alt

ချဲလ်ဆီး အသင်းမှ စာချုပ် သက်တမ်းမတိုးရန် ဆုံးဖြတ် လိုက်ပြီး သည့်နောက် မိုက်ကယ် ဘောလက်အား အလိုရှိသော ကလပ် အသင်းများက အပြိုင်အဆိုင် ချဥ်းကပ် နေကြောင်း သိရသည်။

အသက် (၃၃) နှစ်ရှိ ဂျာမနီ လက်ရွေးစင် ကွင်းလယ် ကစားသမားအား ဂျာမန် ကလပ်များ ဖြစ်သည့် ရှောကေးနှင့် ဘေယာလေဗာကူဆင်တို့က စိတ်ဝင်စားနေသည်။ ထို့အပြင် အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြဟောင်း စတိမက်ကလာရင် ကိုင်တွယ်နေသည့် ဝုဖ်ဘတ် အသင်းကလည်း ဘောလက်အား ခေါ်ယူရန် ကြိုးပမ်း လာခဲ့သည်။ ချဲလ်ဆီးသည် အသက်အရွယ်နှင့် ကြံ့ခိုင်မှု ကျဆင်း လာသည့် ဘောလက်အား လက်ရှိပေးထားသည့် လစာငွေဖြင့် စာချုပ်ဆက်လက် ချုပ်ဆိုရန် ဆန္ဒမရှိသောကြောင့် အလွတ် ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဘောလက်အား ချဲလ်ဆီးအသင်းကို ကိုင်တွယ်စဥ်က ဆရာဖြစ်ခဲ့ဖူးသူ လက်ရှိ ရီးရဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ညိုကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီအသင်းနှင့် လွဲချော်ခဲ့သည့် ဘောလက်သည် ယခုအခါ အမေရိကန်နိုင်ငံ၊ မီယာမီသို့ သွားရောက် အပမ်းဖြေနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here