ထောက်ပံ့ရေး​ သင်္ဘောများနှင့်​ တွေ့ဆုံရန် အစ္စရေး ကျောင်းသားများ​ သမဂ္ဂစီစဥ်

alt

အစ္စရေး ကျောင်းသားများ​ သမဂ္ဂက ၎င်းတို့သည် တူရကီ သို့မဟုတ် ဆိုက်ပရပ် နိုင်ငံများသို့ ရွက်လှေအုပ်ဖြင့် သွားရောက်ရန် စီစဥ်​ နေကြောင်း ပြောကြားခဲ့သည်။ ကျောင်းသားသမဂ္ဂက ဂါဇာ​ ကမ်းမြှောင်​ ဒေသသို့ ဦးတည်လာသည့်

ထောက်ပံ့ရေး သင်္ဘော​ အုပ်စုများနှင့် ပင်လယ်ထဲတွင် တွေ့ဆုံရန် ရည်ရွယ်ပြီး ယခု​ စီမံကိန်း​ အတွက် ရွက်လှေ​ ပိုင်ရှင်များနှင့် ညှိနှိုင်းနေကြောင်း သမဂ္ဂ ဥက္ကဌ​ ဖြစ်သူ ဘို့တို​ ပိုရော့စကီးက ပြောကြားခဲ့သည်။

လောလောဆယ်တွင် ရွက်လှေ​ ပိုင်ရှင် (၄၀၀)​ ခန့်က အကူအညီပေးရန် စိတ်ဝင်စားနေပြီး ခရီးစဥ်ကို နှစ်ပါတ်​ အတွင်း စတင်ဖွယ်​ ရှိကြောင်း သိရသည်။ ယခုခရီးစဥ်၏ ရည်ရွယ်ချက်မှာ ဂါဇာသို့ လူသားချင်း ကူညီ​ ထောက်ပံ့မှုများ ပေးပို့ရန် ဦးတည်​ လာသူများက မိမိတို့အား တွေ့ဆုံရန် ဆန္ဒရှိပါက တွေ့ဆုံဆွေးနွေးရန်၊ အစ္စရေး ကြံုနေရသည့် ကိစ္စများနှင့် ပတ်သက်ပြီး ညှိနှိုင်းတိုင်ပင်ရန်ဖြစ်ကြောင်း တိုပိုရော့စကီးကဆိုသည်။

အစ္စရေးသည် မေလကုန်က ထောက်ပံ့ရေးသင်္ဘောအား စီးနင်းတိုက်ခိုက်မှုကြောင့် အကြပ်အတည်းများ ကြံုနေရသော်လည်း ဂါဇာကို ဆက်လက်ပိတ်ဆို့ထားရန် ဆုံးဖြတ်ထားသည်။ အီရန်၊ တူရကီနှင့် ဥရောပမှ လူ့အခွင့်အရေး လှုပ်ရှားသူများက ဂါဇာသို့ နောက်ထပ်ရေယာဥ် အုပ်စုဖြင့် ထောက်ပံ့ရေး လုပ်ငန်းများ လာရောက်ဆောင်ရွက်မည်ဟု ကြေညာထားရာ အစ္စရေးကလည်း ပြတ်ပြတ်သားသား အရေးယူမည်ဟု ကြေညာထားသောကြောင့် တင်းမာမှုများ မြင့်တက်လာနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here