ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ဖိနပ် တစ်ဖက် အာမေးနီးယား နိုင်ငံတွင် ရှာဖွေ တွေ့ရှိ

alt

ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးဟု ယူဆရမည့် ဖိနပ်တစ်ဖက်ကို အာမေးနီးယားနိုင်ငံရှိ ကျောက်ဂူတစ်ခုအတွင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့သည်။ သားရေဖြင့် ချုပ်လုပ်ထားပြီး ယနေ့ခေတ် အတိုင်းအတာဖြင့် နံပါတ်(၄)ရှိသော ဖိနပ်သည်

နှစ်ပေါင်း(၅၅၀၀)ကျော် သက်တမ်းရှိနေပြီဟု သိရသည်။

ဖိနပ်ကို အီဂျစ်နိုင်ငံရှိ နာမည်ကျော် ဂီဇာပိရမစ်ကြီး မဆောက်လုပ်မီ နှစ်ပေါင်း(၁၀၀၀)ကျော်က အသက်ရှင်ခဲ့သည့် နွားတစ်ကောင်၏ သားရေဖြင့် ချုပ်လုပ်ထားခြင်းဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အဆိုပါ ဖိနပ်အား တွေ့ရှိသည့် ဂူထဲတွင် ကလေးငယ် တစ်ဦးစီ၏ အရိုးများ ထည့်ထားသော အိုး(၃)လုံးကိုလည်း တွေ့ရှိခဲ့ရသည်။

ကော့တက္ကသိုလ်မှ ဒေါက်တာရွန်ပင်ဟာဆီက မိမိတို့သည် အစောဆုံးအနေနှင့် လွန်ခဲ့သောနှစ်ပေါင်း(၆၀၀)ကျော် (၇၀၀)ခန့်က ဖိနပ်များကိုသာ မြင်ဖူးခဲ့ပြီး ယခုဖိနပ်မှာမူ ဘီစီ(၃၅၀၀)ကျော်က လက်ရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပျက်စီးယိုယွင်းမှုများ ဖြစ်နေသည့်တိုင် ယခုဖိနပ်အား ရှာဖွေတွေ့ရှိမှုမှာ စိတ်လှုပ်ရှားစရာ အောင်မြင်မှုတစ်ခုဟုလည်း ဒေါက်တာပင်ဟာဆီကဆိုသည်။ တူရကီနှင့် နယ်နိမိတ်အနီးတွင်ရှိသည့် အာမေးနီးယားနိုင်ငံ၊ ဗာယော့ဒီဇိုဒေသအတွင်း တွေ့ရှိရသည့် အဆိုပါ ဖိနပ်သည် ရှေးခေတ်က ဥရောပတွင် ယဥ်ကျေးမှု အဆင့်မြင့်မားသော လူမျိုးစုတစ်ခု နေထိုင်ခဲ့ခြင်းကို ညွှန်ပြလျက်ရှိသည်။

သုတေသီများ၏ အဆိုအရ အဆိုပါ ဖိနပ်ကို သားရေတစ်ချပ်ထဲဖြင့် ချုပ်လုပ်ထားပြီး ဟင်းသီးဟင်းရွက်ဆီဖြင့် အရောင်ဆိုးထားကြောင်း ပြောကြားခဲ့သည်။ ဖိနပ်အတွင်း မြက်များထည့်သွင်းထားကြောင်း တွေ့ရှိရသော်လည်း ယင်းမှာ အနွေးဓာတ်ရရန် ရည်ရွယ်ခြင်း (သို့မဟုတ်) ဖိနပ်ပုံသဏ္ဍန်ကို ထိန်းညှိလိုခြင်းကြောင့်ဆိုသည်ကို ကွဲကွဲပြားပြား မဖော်ထုတ်နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here