​တောင်​အာ​ဖ​ရိ​က​​ သ​မ္မ​တ​ဟောင်း​ ​နယ်​ဆင်​မန်​ဒဲ​လား​၏​ ​မြစ်​ ​ယာဥ်​တိုက်​မ​ှု​ကြောင့်​ ကွယ်​လွန်

alt

တောင် အာဖရိက နိုင်ငံတွင် ဇွန်လ(၁၁)ရက်နေ့က ယာဥ်တိုက်မှု တစ်ခုအတွင်း သမ္မတဟောင်း နယ်ဆင်မန်ဒဲလား၏ မြစ်ဖြစ်သူ ကွယ်လွန် သွားကြောင်း သိရှိရသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင် ကျင်းပမည့်နေ့တွင် ဖွင့်ပွဲ မတိုင်မီ ကြိုတင် ကျင်းပသည့် ဖျော်ဖြေပွဲမှ အပြန် မန်ဒဲလား၏ အသက် (၁၃) နှစ်အရွယ် မြစ်မလေး ဇီနာနီ မန်ဒဲလားမှာ ယာဥ်တိုက်မှုကြောင့် သေဆုံး သွားခြင်းဖြစ်သည်။ ယခု ယာဥ်တိုက်မှုအတွင်း အဆိုပါကား ပျက်စီးခဲ့ပြီး အခြား ဒဏ်ရာရသူ မရှိကြောင်းလည်း သတင်းများက ဆိုသည်။ သူမသည် တောင်အာဖရိက၏ ပထမဆုံး လူမည်း သမ္မတ ဖြစ်ခဲ့သူ မန်ဒဲလား၏ သမီး ဇင်ဇီမန်ဒဲလား၏ မြေးဖြစ်သည်။

ဇွန်လ (၉) ရက်နေ့ကမှ အသက် (၁၃) နှစ် ပြည့်ခဲ့သော မြေးမလေး၏ အဖြစ်ဆိုးကြောင့် ကမ္ဘာ့ဖလား ဖွင့်ပွဲ တက်ရန် ပြင်ဆင် ထားသည့် သမ္မတဟောင်းမှာ အထူး စိတ်ထိခိုက် နေကြောင်း မိသားစုက ဆိုသည်။ သေဆုံး သွားသော ကလေးမလေး၏ ဈာပနနှင့် ပတ်သက်ပြီး သီးသန့် သိုသိုဝှက်ဝှက်သာ စီစဥ်ခွင့် ရရှိရန် မန်ဒဲလား၏ မိသားစုက တာဝန် ရှိသူများအား မေတ္တာ ရပ်ခံထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here