ကိုယ်ရံတော်လုပ်သူအား လိင်ကိစ္စ အတွက် ဘရစ်တနီ စပီးယားစ်က ဖြားယောင်းခဲ့ ဟုဆို

alt

ဘရစ်တနီ စပီးယား၏ ကိုယ်ရံတော် ဖြစ်သူက နာမည်ကြီး အဆိုတော်သည် ၎င်းအား​ လိင်မှုဆိုင်ရာ ဖြားယောင်းမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောကြားလိုက်သည်။ ယခင်ရဲသားတစ်ဦး ဖြစ်ခဲ့ဖူးသူ ဖာနန်ဒို ဖလောရက်က

ဘရစ်တနီသည် အဝတ်အစားများ အားလုံးချွတ်ချပြီး အိမ်ကိုပတ်ပြေးခြင်း၊ ၎င်းအား အိပ်ခန်းထဲ အတင်းခေါ်ရန် ကြိုးစားခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုသွားသည်။

ယခုအခါ ထိုလုပ်ရပ်များအပေါ် စိတ်ပျက်နေသည့် ဖာနန်ဒိုက Pop အဆိုတော်အား တရားစွဲရန် ပြင်ဆင်နေကြောင်း သိရသည်။ ဖာနန်ဒို၏ သူငယ်ချင်းတစ်ဦးက ဖာနန်ဒိုသည် ဘရစ်တနီအား နောက်ဆုံးသတိပေးမှုကို ပြုလုပ်ထားပြီး စိတ်အနှောင့်အယှက် ဖြစ်စရာများ ဆက်လက်ကြံုနေမည် ဆိုပါက တရားရုံးတွင် ဖြေရှင်းသွားမည်ဟု ပြောဆိုထားကြောင်း The Sunသတင်းစာသို့ ပြောကြားခဲ့သည်။

ဖာနန်ဒိုက ဘရစ်တနီနှင့် အလုပ်လုပ်ရသည်မှာ ခက်ခဲကြောင်း၊ သူမသည် စိတ်လှုပ်ရှားလွယ်သူဖြစ်ပြီး အထိန်းအကွပ်မဲ့ လုပ်ရပ်များ မကြာခဏ ပြုလုပ်တတ်ကြောင်း ဝေဖန်ခဲ့သည်။ ဖာနန်ဒိုသည် ဘရစ်တနီအား အတွင်းခံ အဝတ်အစား မပါဘဲ အိမ်ပြင်မထွက်ရန် တောင်းဆိုထားကြောင်းလည်း ဘရစ်တနီ့ဖခင် ဂျေမီစပီးယားက ပြောကြားခဲ့သည်။

(၂၀၀၇)ခုနှစ်ကလည်း ဘရစ်တနီ၏ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်ဖူးသူ တိုနီဘာရက်တိုက နာမည်ကျော် အဆိုတော်သည် အိမ်ကို အဝတ်အစားမပါဘဲ ပတ်လျှောက်နေကြောင်း စွပ်စွဲကာ အလုပ်မှ နှုတ်ထွက်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here