အင်ဒိုနီးရှားအဆိုတော်နှင့် ချစ်သူတို့ ချစ်ကျွမ်းဝင်နေသည့် ဗီဒီယိုထွက်ပေါ်လာ

alt

လိင်မှု​ ဆိုင်ရာ ဗီဒီယိုများကြောင့် အရှက်ကွဲရသည့် ဖြစ်ရပ်များသည် အင်ဒိုနီးရှား Celebrity​ လောကသို့ပါ ရိုက်ခတ်​ လာခဲ့သည်။ Peterpan​ အဖွဲ့မှ ဦးဆောင်အဆိုတော် အေရီရယ်သည် အချို့သော Celebrity​ အမျိုးသမီးနှင့်

လိင်ဆက်ဆံသည့် ပုံရိပ်များသည် အင်ဒိုနီးရှားရှိ Twitter​ သုံးစွဲသူများကြား အကျော်ကြားဆုံး Topic​ တစ်ခု ဖြစ်နေပြီး ရဲတပ်ဖွဲ့က ယင်း​ ဗီဒီယိုများ Upload​ တင်သူကို ရှာဖွေ​ နေကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရာဖေးအာမာက ၎င်းတို့သည် အဆိုပါ ဖြစ်စဥ်များကို စုံစမ်းရန်အတွက် နည်းပညာ ကျွမ်းကျင်သူများ၏ အကူအညီကို တောင်းခံထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ အင်ဒိုနီးရှားတွင် အဆိုပါ ကိစ္စကို ပုဒ်မ(၂၉၂)အရ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ညစ်ညမ်းပုံရိပ်များ ဖြန့်ဖြူးမှုဖြင့် အရေးယူနိုင်သည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၆)နှစ်ထိ ချမှတ်ရန်လည်း ဥပဒေတွင် ပြဌာန်းထားပြီးဖြစ်သည်။

အေရီရယ်သည် ဗီဒီယိုများအတွင်း အင်ဒိုနီးရှားတွင် လူသိများသည့် TVအစီအစဥ် တင်ဆက်သူများဖြစ်သည့် လူနာမာယာ၊ ကက်တာရီတို့နှင့် အချစ်ကြမ်းနေပုံများ ပါရှိသည်။ လူနာသည် အေရီရယ်၏ လက်ရှိတွဲနေသော ချစ်သူလည်းဖြစ်သည်။ လူနာရော၊ အေရီရယ်ပါ အဆိုပါ လိင်မှုဗီဒီယိုကို ၎င်းတို့ရိုက်ကူးခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆန်ထားသည်။

အင်တာနက်တွင် အကြီးအကျယ် ပျံ့နှံ့နေသည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူနာနှင့်လည်း ဆက်သွယ်မေးမြန်းရန် စီစဥ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here