မြောက်ကိုရီးယားအစိုးရအဖွဲ့ အပြောင်းအလဲများပြုလုပ်

alt

မြောက်ကိုရီးယား အာဏာရှင်ကြီး ကင်ဂျံုအီက ၎င်း၏ အရိုက်အရာနေရာကို သားအငယ်ဆုံးအား ဆက်ခံရန် ရွေးချယ်ထားမှုကို ပိုမိုလွယ်ကူ ချောမွေ့စေရန်အတွက် အစိုးရအဖွဲ့တွင် အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။

ကင်သည် ဇွန်လ(၇)ရက်နေ့က အစိုးရတွင် ၎င်းပြီးနောက် အာဏာအရှိဆုံး ရာထူးနေရာအတွက် ယောက်ဖတော်စပ်သူ ဂျန်ဆွန်သိက်အား တရားဝင် ခန့်အပ်ထားလိုက်သည်။ ထို့ကြောင့်လည်း ဂျန်သည် မြောက်ကိုရီးယား အာဏာကို ချုပ်ကိုင်ထားသည့် အမျိုးသား ကာကွယ်ရေး ကော်မရှင်တွင် ကင်၏နောက် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူလိုက်ကြောင်း သိရသည်။

ယခင်ကတည်းက နိုင်ငံရေးနှင့် စစ်ဖက်တွင် ဩဇာသက်ရောက်မှုရှိသော ဂျန်အား ယခုရာထူးအတွက် ရွေးချယ်လိုက်ခြင်းဖြင့် ကင်၏သားငယ် ကင်ဂျွန်အန်းအား အာဏာလွှဲအပ်ပေးရေးတွင် ပိုမိုလွယ်ကူလာဖွယ် ရှိနေသည်။ အသက်(၂၇)နှစ်ရှိ ဂျွန်အန်းအကြောင်း အတိအကျ သိရှိသူ နည်းပါးလှပြီး ၎င်းအား အရိုက်အရာ ဆက်ခံသူအဖြစ် ခေါင်းဆောင်ကြီး ကင်ကိုယ်တိုင်က ရွေးချယ်ထားခြင်းဖြစ်သည်။ ကင်သည် လေဖြတ်ဝေဒနာကို ခံစားနေရပြီး ကျန်းမာရေး ယိုယွင်းပျက်စီးလာနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် အစိုးရအဖွဲ့၏ ဩဇာကြီးမားသော နေရာတစ်ခုအတွက် ယခုလို ယောက်ဖဖြစ်သူအား ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဂျန်သည် ကင်၏ညီမငယ်အား လက်ထပ်ယူထားသူဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here