လိင်တူချင်းပေါင်းသင်းသည့် အမျိုးသမီများ၏ ကလေးတို့ လူမှုဆက်ဆံရေး ပိုမိုဝင်ဆံ့ဟုဆို

alt

အမျိုးသမီးချင်း ပေါင်းသင်းနေထိုင်သော မိဘများ၏ အုပ်ထိန်းမှုအောက်တွင် ရှိနေသည့် ကလေးများသည် လူမှုဆက်ဆံရေး လှုပ်ရှားမှုများတွင် ပိုမိုဝင်ဆံ့ကြောင်း သုတေသန ရလဒ်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။

Pediatrics ဆေးပညာဂျာနယ်တွင် ဖော်ပြထားမှုအရ ကလေးငယ်များ၏ မိခင်ဖြစ်သူသည် အခြားအမျိုးသမီး တစ်ဦးနှင့် လိင်တူချင်း ပေါင်းသင်းနေထိုင်ပါက ကလေးများသည် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် ယျေဘူယျအားဖြင့် အများထက် ကောင်းမွန်လေ့ရှိကြောင်း သိရသည်။

ကလေးငယ်များ၏ မိသားစု နောက်ခံကို လေ့လာပြီး ကလေးငယ် တစ်ဦးချင်းစီ၏ လူမှုဆက်ဆံရေး ကိုယ်ရည်ကိုယ်သွေးကို စာရင်းပြုစုခဲ့ကြောင်း၊ အထူးသဖြင့် မိမိကိုယ်ကိုယ် ချင့်ချိန်မှု၊ ယုံကြည်မှု၊ အများနှင့် လိုက်လျောညီထွေ ဆက်ဆံမှု၊ လူမှုရေးဆိုင်ရာ အခက်အခဲများ နည်းပါးမှုတို့ကို လေ့လာခဲ့ရာ အမျိုးသမီးချင်း ပေါင်းသင်းနေသည့် မိခင်၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းရသည့် ကလေးများမှာ ပိုမိုထူးချွန်နေသည်ကို တွေ့ရကြောင်း အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာပရော်ဖက်ဆာ နာနက်တီ ဂန်ထရယ်က ရှင်းပြခဲ့သည်။

သုတေသီများသည် အသက်(၁၀)နှစ်မှ (၁၇)နှစ်ကြား အရွယ်များကို လေ့လာမှုများ စနစ်တကျ ပြုလုပ်ကာ ၎င်းတို့၏ လူမှုဆက်ဆံရေး အရည်အသွေးအလိုက် မှတ်တမ်းတင်ခဲ့ပြီးနောက် ယခုရလဒ်အား ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here