ပေါ်တူဂီတွင် လိင်တူချင်းလက်ထပ်ခွင့်ဥပဒေ ပြဌာန်း လိုက်ခြင်းအား စီရော်နာဒိုက ကြိုဆို

alt

ပေါ်တူဂီနိုင်ငံတွင် လိင်တူချင်း လက်ထပ်ခွင့် ဥပဒေ အတည်ပြု ပြဌာန်းလိုက်ခြင်းအား ကြိုဆိုကြောင်း ခရစ်စတီယာနို ရော်နာဒိုက ပြောကြားလိုက်သည်။ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်တွင် ကစားနေသည့်

ပေါ်တူဂီ လက်ရွေးစင် ဘောလုံးအသင်း ကပ္ပတိန်က ပေါ်တူဂီပိုင် မာဒါရီယာကျွန်းတွင် သတင်းထောက်များနှင့် တွေ့ဆုံစဥ် အဆိုပါ ဥပဒေအား သဘောတူ ထောက်ခံသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက လူတစ်ဦးချင်းစီတွင် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိကြောင်း၊ လိင်တူချင်း လက်ထပ်ခွင့်သည် ပုဂ္ဂလိက လွတ်လပ်ခွင့်၏ ပြယုဂ်တစ်ခုဟု ယုံကြည်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ပေါ်တူဂီ သမ္မတ အနီဘယ် ကာဗာကိုက အဆိုပါ ဥပဒေကို ပြီးခဲ့သည့် သီတင်းပါတ်က အတည်ပြု ပြဌာန်းလိုက်ပြီးနောက် ပေါ်တူဂီသည် ဥရောပ၏ လိင်တူချင်း လက်ထပ်မှုကို တရားဝင် ခွင့်ပြုသည့် (၆)ခုမြောက်နိုင်ငံ ဖြစ်လာသည်။

ပေါ်တူဂီသည် ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် အကြီးအကဲ ပုပ်ရဟန်းမင်းကြီး လာရောက်လည ်ပတ်ပြီးနောက် (၃)ရက်အကြာတွင် အဆိုပါ ဥပဒေအား ပြဌာန်းလိုက်ခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် (၁၆)သည် လိင်တူချင်း လက်ထပ်ရန်အဆိုနှင့် ပတ်သက်ပြီး အစဥ်သဖြင့် ကန့်ကွက်ခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here