မြောက်ကိုရီးယားကို တရုတ် နိုင်ငံက လူသိရှင်ကြား ပြစ်တင်

alt

တရုတ်နိုင်ငံသည် ၎င်း၏ စစ်ရေးမဟာမိတ် မြောက်ကိုရီးယားအား ရှားရှားပါးပါး အဖြစ် လူသိရှင်ကြား ပြစ်တင် ဝေဖန် လိုက်ကြောင်း သိရသည်။ နှစ်နိုင်ငံ နယ်စပ်အနီး မြောက်ကိုရီးယား အစောင့် တပ်ဖွဲ့၏

ပစ်ခတ်မှုကြောင့်ဟု ယူဆ ရသော တိုက်ခိုက်မှုကြောင့် တရုတ် နိုင်ငံသား (၃)  ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရမှု အတွက် မိမိတို့ ဆန့်ကျင် ကန့်ကွက်ကြောင်း တရုတ်က ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပါတ်က ဖြစ်ပွားခဲ့သော အဆိုပါကိစ္စမှာ မြောက်ကိုရီးယား နယ်ခြားစောင့်တပ်၏ လက်ချက်အဖြစ် တရုတ်က ယူဆထားသည်။ နှစ်နိုင်ငံကြား ယာလူမြစ်ကို ဖြတ်ကျော်ဆောက်လုပ်ထားသည့် ခင်မင်မှုတံတား တည်ရှိရာ နယ်စပ်မြို့ ဒန်ဒွန်းမြို့အနီးတွင် ယခုလို တရုတ်နိုင်ငံသားများ ပစ်သတ်ခံရမှုအတွက် မြောက်ကိုရီးယားအား နိုင်ငံရေးအရ ဆန္ဒပြသွားမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကွင်ဂန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

မတ်လ(၂၆)ရက်နေ့က မြောက်ကိုရီးယား တော်ပီဒိုကြောင့် တောင်ကိုရီးယား စစ်သင်္ဘောနစ်မြုပ်ခဲ့မှုတွင် တရုတ်က မြောက်ကိုရီးယားရော၊ တောင်ကိုရီးယားဖက်မှပါ ရပ်တည်ပေးရန် ငြင်းဆိုခဲ့ပြီးနောက် ယခုလို နယ်ခြားတွင် အရှုပ်အထွေး ပေါ်ပေါက်လာခြင်းဖြစ်သည်။ မြောက်ကိုရီးယားကမူ ယခုကိစ္စကို ငြင်းဆိုထားပြီး အပစ်ခံရသူများသည် မြောက်ကိုရီးယား နယ်ခြားစောင့်တပ်မှ ပစ်ခတ်မှုဟု အတည်မပြုနိုင်ကြောင်း ပြောကြားထားသည်။

တရုတ်နိုင်ငံကမူ ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး မြောက်ကိုရီးယားမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသွားရန် စီစဥ်ထားကြောင်း ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here