Apple နာမည်ကျော်ထုတ်ကုန် iPhone မျိုးဆက်သစ် iPhone4 မိတ်ဆက်ပြသ

alt

Apple ကုမ္ပဏီသည် ၎င်းတို့၏ နာမည်ကျော် ထုတ်ကုန်ဖြစ်သော iPhone၏ စတုတ္ထမျိုးဆက်အား စတင်မိတ်ဆက် ပြသလိုက်ပြီဖြစ်သည်။ Apple၏ CEOဖြစ်သူ စတိဂျော့ကိုယ်တိုင်က ဇွန်လ(၇)ရက်နေ့ Apple၏

ကမ္ဘာလုံးဆိုင်ရာ Developer ညီလာခံတွင် iPhone 4အား တရားဝင် ပြသခဲ့သည်။ ယင်းသည် iPadဖြင့် နည်းပညာလောကကို ကိုင်လှုပ်ထားသည့် Appleအတွက် ပိုမိုအလှမ်းကျယ်သည့် ခြေလှမ်းတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။ iPhone 4သည် 4G Networkစနစ်နှင့် ချိတ်ဆက်နိုင်ခြင်း မရှိသော်လည်း ကင်မရာနှင့် ဘက်ထရီ စွမ်းဆောင်မှုများ ပိုမိုကောင်းမွန်လာသည်။ ထို့အပြင် အသွင်အပြင်ပိုင်းမှာလည်း ဆွဲဆောင်မှု ပိုရှိလာပြီး ယခင်iPhone 3GSထက် ပါးလွှာကျစ်လျစ်ကြောင်း သိရသည်။

Appleသည် အမေရိကန်​ပြည်​ထောင်​စုတွင် iPhone 4အား ဇွန်လ(၂၄)ရက်နေ့မှ စတင်ရောင်းချရန် စီစဥ်ထားပြီး ဈေးနှုန်းတိတိကျကျ သတ်မှတ်မှု မရှိသေးပေ။ iPhone 4တွင် Flashပါသော 5.0 Megapixel ကင်မရာ ပါ၀င်လာပြီး ဘက်ထရီ သက်တမ်းမှာလည်း 3Gကွန်ရက်တွင် (၇)နာရီထိ စကားပြောနိုင်မည်ဟု သိရသည်။ ထို့အပြင် အရည်အသွေးမြင့်မားသည့် ဗီဒီယိုများကိုလည်း (၁၀)နာရီဆက် ကြည့်ရှုနိုင်မည်ဟု Appleက အာမခံထားသည်။ Search Engineအနေနှင့်လည်း ယခင်က Googleတစ်ခုထဲသာ ရှိသော်လည်း ယခုအခါ Bingနှင့် Yahooတို့ကိုပါ သုံးစွဲနိုင်မည်ဖြစ်သည်။

ထို့အပြင် A4 Chipသုံး iPhone 4သည် Adobe၏ Flashကို သုံးစရာ မလိုဘဲ ဂိမ်းများအား ဆော့ကစားနိုင်ရန် စီစဥ်ထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here