မက္ကစီကိုရှိ ကမ္ဘာလှည့်ခရီးသည် အပမ်းဖြေစခန်းအနီးမှ အလောင်းများတွေ့ရှိ

alt

မက္ကစီကို ရဲတပ်ဖွဲ့သည် နိုင်ငံအတွင်း ထင်ရှားသည့် ကမ္ဘာလှည့်ခရီးသည် အပမ်းဖြေစခန်း ကန်ကွန်အနီး ဂူတစ်ခုထဲတွင် အလောင်း(၆)လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇွန်လ(၆)ရက်နေ့က ကြေညာခဲ့သည်။

ထို့အပြင် ယင်းအလောင်းများအနက် (၃)ခုမှာ ရင်ခွဲပြီး နှလုံးများ ထုတ်ယူခံထားရကြောင်း သိရသည်။ စုံထောက်များက သေဆုံးနေသူများသည် ယောက်ျား(၄)ယောက်နှင့် မိန်းမ(၂)ယောက်တို့ ဖြစ်ကြကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ကွင်တာနာရူးဒေသ ထောက်လှမ်းရေးဌာနမှ ဖရန်ဆစ်စကိုအေလော်က အလောင်းများအား နှလုံးကို ထုတ်ယူရန် ရည်ရွယ်ချက်ဖြင့် ရင်ခွဲခဲ့ခြင်းဟု ပြောကြားသွားသည်။ ထို့အပြင် အလောင်း(၃)လောင်း၏ ဝမ်းဗိုက်တွင် Zဟူသော ဝေါဟာရကို ရေးထွင်းထားရာ ဇီတာမူးယစ်ဂိုဏ်း၏ လက်ချက်ဟု ယူဆရသည့် အနေအထားမျိုး ဖြစ်နေကြောင်း သိရသည်။

သို့သော်လည်း ယင်းဂိုဏ်းနှင့် ယခုကိစ္စ ဆက်နွယ်နေခြင်းကို တာဝန်ရှိသူများက တိတိကျကျ သက်သေမပြနိုင်သေးသလို မည်သည့်အကြောင်းကြောင့် ယခုလို အသတ်ခံရခြင်းကိုလည်း မဖော်ထုတ်နိုင်သေးချေ။ မက္ကစီကိုတွင် မူးယစ်ဂိုဏ်းများ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် (၂၀၀၆)ခုနှစ်နောက်ပိုင်း လူပေါင်း(၂၂၇၀၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here