ပေါ်တိုအသင်းမှ တိုက်စစ်မှူးအား တော့တင်ဟမ်ခေါ်ယူလို

alt

တော့တင်ဟမ် ဟော့စပါး အသင်းသည် ပေါ်တူဂီ ကလပ် ပေါ်တိုမှ ဂိုးသွင်း စက် အဖြစ် တင်စား ခံရသည့် တိုက်စစ်မှူး ရာဒါမယ် ဖယ်ကာအို အား ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရသည်။

အသက် (၂၄) နှစ်ရှိ ကိုလံဘီယာ လက်ရွေးစင်အား တော့တင်ဟမ် နည်းပြ ဟယ်ရီရက်နပ်က စိတ်ဝင်စား နေသည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက ပေါ်တိုအတွက် (၂၈) ပွဲတွင် (၂၅) ဂိုး သွင်းပေး ခဲ့သူဖြစ်သည်။ ရက်နပ်သည် ပေါ်တိုက ပေါင် (၁၅) သန်း တောင်းဆို ထားသည့် ဖယ်ကာအိုအား တိုက်စစ်တွင် အင်္ဂလန် လက်ရွေးစင် ဂျာမိန်း ဒီဖိုးနှင့် တွဲဖက်ပေးရန် ဆန္ဒ ရှိနေသည်။

တော့တင်ဟမ်မှ အိုင်ယာလန် လက်ရွေးစင် ရှေ့တန်းလူ ရော်ဘီကိန်းမှာလည်း အသင်းမှ ထွက်ခွာဖွယ် ရှိနေပြီး ရက်နပ်သည် ဖယ်ကာအိုအပြင် အီတလီ ကလပ် အေစီမီလန်မှ နယ်သာလန် တိုက်စစ်မှူး ကလက်ဂျန် ဟန်တဲလားကိုပါ စိတ်ဝင်စား နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here