တောင်အာဖရိကရှိ သင်္ဘောပျက်ပေါ်မှ စားသောက်ဆိုင်

alt

တောင်အာဖရိက နိုင်ငံ ဒါဘန်မြို့တွင် သင်္ဘောပျက် တစ်ခုကို အခြေပြု တည်ဆောက် ထားသည့် စားသောက်ဆိုင် တစ်ဆိုင်​မှာ ကမ္ဘာလှည့် ခရီးသည်များ အား ဆွဲဆောင် လျက်ရှိသည်။

Cargo Hold ဟု အမည် ပေးထားသည့် အဆိုပါ စားသောက်ဆိုင်မှာ တောင် အာဖရိက၏ ဂန္တဝင်ဆန်သော သင်္ဘောပျက်ကြီး Phantom ကို မွမ်းမံ တည်ဆောက် ထားပြီး လှပသော အဏ္ဏဝါ ပြတိုက် တစ်ခုကိုပါ ထည့်သွင်း ထားရာ စားသောက်ဆိုင်သို့ လာရောက်သူများသည် ရေအောက် ကမ္ဘာသို့ အမှန်တကယ် ရောက်ရှိ နေသည့်နှယ် ခံစား ကြရသည်။

ထို့အပြင် တောင်အာဖရိက ကမ်းခြေ တလျောက် အစဥ်အဆက် ပြောဆိုခဲ့ကြသည့် တစ္ဆေ သင်္ဘောများ၏ ရာဇဝင်ကိုလည်း ပြန်ပြောင်း အောက်မေ့စေမည်ဖြစ်သည်။ သင်္ဘောပျက် စားသောက်ဆိုင် အတွင်းသို့ ရောက်ရှိလာသူများသည် အိန္ဒြေကြီးစွာ ကူးခတ် သွားလာနေသည့် လူသားစား ငါးမန်း ဖြူကြီးများကိုလည်း နီးနီးကပ်ကပ် တွေ့မြင်နိုင်သည်။

အဆိုပါ စားသောက်ဆိုင်သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးသို့ လာရောက်ကြမည့် ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များအတွက်လည်း ဒါဘန်မြို့၏ ဆွဲဆောင်မှု အရှိဆုံးနေရာသဖွယ် ဖြစ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here