ချစ်သူနှင့် လက်ထပ်လိုက်သည့် ဂျိမ်းစဘွန်းမင်းသမီး

alt

ဂျိမ်းစဘွန်းမင်းသမီး ဂမ်မာအာတာတန်သည် စပိန်နိုင်ငံ ကျေးရွာလေး တစ်ခုတွင် ဇွန်လ(၆)ရက်နေ့က လျှို့ဝှက်စွာ လက်ထပ်ခဲ့ကြောင်း သိရသည်။ ဇူဟီရိုး ရွာကလေးတွင် အာတာတန်သည်

သူမ၏ အီတလီလူမျိုးချစ်သူ စတီဖာနို ကာတယ်လီနှင့် လက်ထပ်ခဲ့ပြီး ရင်းနှီးသူ အနည်းငယ်ကိုသာ ဖိတ်ကြား ခဲ့သည်။

အသက် (၂၄) နှစ်ရှိ Prince of Persia မင်းသမီးသည် ရှည်လျား လှသော လက်ထပ် ဝတ်စုံ ဂါဝန် ရှည်ကြီးကို ဝတ်ဆင် ထားပြီး ပျော်ရွှင် နေဟန် ရှိကြောင်း မင်္ဂလာပွဲသို့ တက်ရောက် ခဲ့သူများက ဆိုသည်။ အာတာတန်သည် အဆိုပါ ရွာလေးရှိ သာယာလှပသော တောင်ကုန်းလေးပေါ်တွင် လက်ထပ်ပွဲကို ကျင်းပ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ စတီဖာနိုနှင့် အာတာတန်တို့သည် ယမန် နှစ် ကတည်းက စေ့စပ် ခဲ့ပြီး ဖြစ်သည်။

အာတာတန်က သူမ၏ ခင်ပွန်းသည် အရောင်း မန်နေဂျာသည် တစ်ဘဝလုံး လက်တွဲ သွားရမည့် ယောက်ျားမျိုး ဖြစ်ကြောင်း ချီးကျူး ပြောကြားခဲ့သည်။ အာတာတန်သည် ဂျိမ်းစ်ဘွန်း ဇာတ်ကား Quantum of Solace တွင် မင်းသား ဒင်နီရယ်ကရိတ်နှင့် တွဲဖက် သရုပ်ဆောင်ပြီးနောက် ဟောလီးဝုဒ်တွင် လူသိများ လာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here