ဆိုင်ကလုန်းမုန်တို်င်း ဝင်ရောက် တိုက်ခတ်မှုကြောင့် ပါကစ္စတန်တွင် အနည်းဆုံး၁၅ဦးသေဆုံး

alt

ဆိုင်ကလုန်း မုန်တိုင်း ဖက် (Phet) ၏ ဝင်ရောက် တိုက်ခတ်မှုကြောင့် ပါကစ္စတန်တွင် လူ (၁၅) ဦး အနည်းဆုံး သေဆုံး သွားကြောင်း သိရှိရသည်။ ဇွန်လ (၇) ရက်နေ့တွင် ဆိုင်ကလုန်းသည်

လုံးဝ အားပျော့ ပျက်ပြယ် သွားပြီဟု ပါကစ္စတန် မိုးလေဝသဌာန အကြီးအကဲ ကွာမာရူဇာမန်ချောင်ဟရီက ပြောကြား ခဲ့သည်။

ယခုအခါ ဖက်သည် လေဖိအားနည်း ရပ်ဝန်းအဖြစ်သာ ရှိနေပြီး မကြာမီ လုံးဝ ပျောက်ကွယ် သွားတော့မည်ဟု ပညာရှင်များက အတည်ပြု ပြောကြားခဲ့သည်။ သို့သော်လည်း နိုင်ငံ တောင်ပိုင်း ဆင်းနှင့် ပန်ဂျက် ဒေသများတွင် မုန်တိုင်း လက်ကျန်အဖြစ် (၂၄) နာရီလုံးလုံး မိုးသည်း ထန်နိုင်ကြောင်း ကွာမာရူက ပြောကြား ခဲ့သည်။

လျှပ်စစ်မီးများ ပြတ်တောက်ခြင်းနှင့် အဆောက်အအုံများပြိုကျခြင်းတို့ကြောင့် ကရာချိတွင် လူ(၁၅)ဦးထက်မနည်း သေဆုံးကြောင်း ကယ်ဆယ်ရေးများကဆိုသည်။ ပါကစ္စတန်၏ အကြီးဆုံးမြို့ဖြစ်သည့် ကရာချိတွင် မုန်တိုင်းလက်ကျန် အပျက်အစီးများကြောင့် ရှင်းလင်းရေးများ ပြုလုပ်ရန် နှောင့်နှေးမှုများ ကြံုနေရဆဲဟု သိရှိရသည်။

ကရာချိနှင့် အချို့သော ဆိပ်ကမ်းမြို့များသည် မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြံုခဲ့ရပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်မှုအချို့ ရှိနေကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here