ကိုလက်စထရော ပမာဏ ထိန်းညှိမှုသည် ဦးနှောက်နှင့် ဆက်စပ်

alt

ခန္ဓာကိုယ် အတွင်းရှိ ကိုလက်စထရော ပမာဏကို ထိန်းညှိရာတွင် ဦးနှောက်ကလည်း တစ်ထောင့် တစ်နေရာမှ ပါဝင်ကြောင်း သုတေသီများက ဖော်ထုတ် တွေ့ရှိ​ ခဲ့သည်။ ကြွက်များဖြင့် စမ်းသပ်မှု​ အရ

အစားအစာတွင် ပါဝင်သည့် ကိုလက်စထရော ဓာတ်များ သွေးထဲသို့ ပျံ့နှံ့ ဝင်ရောက်မှုကို စစ်ဆေး ထိန်းချုပ်ရာတွင် ဦးနှောက်၏ စွမ်းဆောင်မှု ကိုလည်း တွေ့မြင် ခဲ့ရကြောင်း အမေရိကန် ဆရာဝန်များက ဆိုသည်။

ဦးနှောက် အတွင်းရှိ ဆာလောင်မှု ဖြစ်ပေါ်စေသော ဟိုမုန်းများသည် ကိုလက်စထရော များအား ကန့်သတ် ပေးရာတွင် ရီမု ကွန်ထရိုးသဖွယ် စွမ်းဆောင်ပေးပြီး သွေးနှင့် အသည်းအတွင်း ကိုလက်စထရော တည်ရှိမှု နည်းပါးအောင် ဆောင်ရွက်ပေးကြောင်း သိရသည်။ ယခုတွေ့ရှိမှုကို လူသားများတွင်လည်း အတည်ပြုနိုင်ပါက သွေးအတွင်း ကိုလက်စထရော မြင့်မားမှုကို ကုသရာတွင် အလွန် အသုံးတည့်လာဖွယ် ရှိနေကြောင်း ဗြိတိန် နှလုံး ဖောင်ဒေးရှင်းမှ ဖိုတီနီ ရိုဇာကီးက ပြောကြား ခဲ့သည်။

ကိုလက်စထရော မြင့်မားမှုကို ထိန်းသိမ်းနိုင်ခြင်းဖြင့် နှလုံးဆိုင်ရာ ရောဂါများ ဖြစ်ပေါ်မှုကို လျှော့ချနိုင်မည်ဟု ပညာရှင်များကဆိုသည်။ သို့သော်လည်း အဆိုပါ စမ်းသပ်ချက်ကို လူသားများတွင်လည်း ထပ်တူရှိကြောင်း အတည်ပြုနိုင်ရန်အတွက် သုတေသန လုပ်ငန်းများ လိုအပ်နေသေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here