Safari 5 Browser စတင်ထုတ်ဝေ

alt

Apple က Safari 5 အား ဇွန်လ (၇) ရက်နေ့က စတင် ထုတ်ဝေ လိုက်ပြီ ဖြစ်သည်။ Web Browser အသစ်သည် မြန်နှုန်း ပိုမို မြင့်မားပြီး မလိုအပ်သည့် ကြော်ငြာများကို ဖယ်ရှား ပေးနိုင်မည်ဟု Apple က ဆိုသည်။

Apple.com/Safari မှ ရယူနိုင်သည့် အဆိုပါ Safari 5သည် Safari 4 ထက် (၃၀) ရာခိုင်နှုန်း မြန်နှုန်း ပိုမြင့်ကြောင်း သိရသည်။ ထို့အပြင် Default Search Engine အဖြစ် Google၊ Yahoo နှင့် Bing တို့ကို လိုသလို ရွေးချယ် နိုင်ပြီး Nitro Java Engine ကို ထည့်သွင်း တည်ဆောက် ထားသောကြောင့် Chrome 5.0 ထက်ပင် (၃) ရာခိုင်နှုန်း ပိုမြန်ပြီး Firefox 3.6နှင့် ယှဥ်ပါက နှစ်ဆ မြန်ကြောင်း Apple က ကြေညာ ထားသည်။

Safari သည် Apple ၏ အကောင်းဆုံး ထိုးထွင်း တီထွင်မှု ရလဒ် တစ်ခုဖြစ်ကြောင်း ကုမ္ပဏီ၏ ဒုတိယဥက္ကဌ ဖိလစ်ရှီလာက ဆိုသည်။ ထို့အပြင် Safari ကို ကမ္ဘာပေါ်ရှိ အင်တာနက် ချိတ်ဆက်သော ကိရိယာ သန်း (၂၀၀) တွင် အသုံးပြုထားပြီး ယင်းကို အခြေပြုထားသည့် Open Source Engineဖြစ်သော WebKit ကို ကိရိယာ သန်းပေါင်း (၅၀၀) ကျော်တွင် အသုံးပြုထားကြောင်း ရှီလာကဆိုသည်။ Safari 5တွင် Online Article များကို တပြိုင်တည်း ဖတ်ရှုနိုင်မည့် Featureကဲ့သို့ ဆန်းသစ်မှုများ ထည့်သွင်း ပေးထားသည်။

ထို့အပြင် Online ကြော်ငြာများကို အလိုအလျောက် စစ်ထုတ် ဖယ်ရှားပေးနိုင်ပြီး ယင်းသည်ပင် Safari 5 ၏ အကောင်းဆုံး (သို့မဟုတ်) အဆိုးဝါးဆုံး လုပ်ဆောင်ချက်ဟု သတ်မှတ် နိုင်ကြောင်း လေ့လာသူများက ဝေဖန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here