ရှေးခေတ် ဂလေဒီယာတာ သူရဲကောင်း ရုပ်ကြွင်း ၈၀ ခန့် ရှာဖွေတွေ့ရှိ

alt

အင်္ဂလန် မြောက်ပိုင်းတွင် ရှေးခေတ ်ဂလေဒီယေတာ သူရဲကောင်း (၈၀) ခန့်၏ ရုပ်ကြွင်း ခန္ဓာများအား ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။ ယောက် ဒေသတွင် တွေ့ရှိသည့် အဆိုပါ ရုပ်အလောင်းများသည်

လူအချင်းချင်း ဖြစ်စေ၊ ကျားများ၊ ခြင်္သေ့များနှင့် ဖြစ်စေ တိုက်ခိုက်ပြီး အသက် သေဆုံးခဲ့ရသူများဟု ပညာရှင်များက ပြောကြား ခဲ့သည်။

ယင်းတို့သည် အင်္ဂလန်ကို ရောမတို့ တိုက်ခိုက် သိမ်းပိုက် ထားသည့် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်က ရောမအုပ်ချုပ်သူ လူတန်းစားများကို ဖျော်ဖြေရန် အားကစား ကွင်းကြီးများ အတွင်း လက်ရုံးရည်ဖြင့် အသက်လု ယှဥ်ပြိုင်ရသည့် ဂလေဒီယေတာများ ဖြစ်ကြောင်း သုတေသီ ဒေါက်တာမိုက်ကယ် ဝိုင်ဆော့ကီးက ရှင်းပြ ခဲ့သည်။

ယခု တွေ့ရှိချက်ကို Channel 4 ရုပ်သံလိုင်းတွင် မှတ်တမ်း အဖြစ် ပြသ မည်ဖြစ်ပြီး အချို့သော အရိုးစုများသည် လက်နက်များဖြင့် ခုတ်ထစ်ခံရသောကြောင့် ထိခိုက် ထားသည့် ဒဏ်ရာများကို ကုသ ထားသော အထောက်အထားများပါ တွေ့မြင်ရကြောင်း သိရှိရသည်။ မူလက ယင်း အရိုးစုများအား အစုလိုက်အပြံုလိုက် သတ်ဖြတ်ခြင်း ခံရသူများဟု ယူဆ ခဲ့သော်လည်း နောက်ပိုင်းတွင် ဂလေဒီယေတာများ ဖြစ်ကြောင်း တွေ့ရှိ လာခဲ့သည်။

ဒေါက်တာ ဝိုင်ဆော့ကီးက ရှေးခေတ် သတ်ပွဲများတွင် သေဆုံးခဲ့သူများနှင့် ဒဏ်ရာရပြီးမှ သေဆုံးခဲ့သူများ အားလုံးကို ယခု နေရာတွင် စုပုံ စွန့်ပစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြား သွားသည်။ အဆိုပါ အရိုးစုများ အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်း ရုပ်ရှင်ကို ဇွန်လ လယ်တွင် ထုတ်လွှင့် ပြသ သွားမည်ဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here