ထောက်ပံ့ရေးသင်္ဘောအား အစ္စရေး​ တိုက်ခိုက်မှု နိုင်ငံတကာ​ စုံစမ်းမှု​ ပြုလုပ်ရန်​ တောင်းဆို

alt

အစ္စရေး​ နိုင်ငံ ရေတပ်၏ ဂါဇာ​ ထောက်ပံ့ရေး သင်္ဘောအား တိုက်ခိုက်​ စီးနင်းမှုကြောင့် လူ​ အသေ​ အပျောက် ရှိခဲ့မှုအပေါ် နိုင်ငံတကာ စုံစမ်း​ ထောက်လှမ်းမှုများ ပြုလုပ်​ ပေးရန် ဗြိတိန်နှင့် ပြင်သစ်တို့က တောင်းဆို​ လိုက်သည်။

ဥရောပ အင်အားကြီး နှစ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများက ဇွန်လ​ (၆)​ ရက်​ နေ့တွင် ပဲရစ်​ မြို့တော်မှ​ နေ၍ အဆိုပါ တောင်းဆိုမှုအား အတည်ပြု ထုတ်ပြန်​ လိုက်သည်။ ယခု​ ကိစ္စသည် အလွန်​ အရေးကြီးသည့် နိုင်ငံတကာ အရှုပ်အထွေးတစ်ခုအဖြစ် မိမိတို့ယူဆကြောင်း၊ အနည်းဆုံး နိုင်ငံတကာ စုံစမ်းမှုမျိုး မဖြစ်မနေ လိုအပ်ကြောင်း ဗြိတိန်​ နိုင်ငံခြားရေး​ ဝန်ကြီး ဝီလျံဟိတ်က ပြင်သစ်​ နိုင်ငံခြားရေးဝန်ကြီး ဘားနက်ကုချနာနှင့် တွေ့ဆုံ​ ဆွေးနွေးပြီးနောက် သတင်းထောက်များအား ပြောကြား​ ခဲ့သည်။ ထို့အပြင် ပြင်သစ်​ နိုင်ငံခြားရေး ဝန်ကြီးက ယခု​ ကိစ္စတွင် ဥရောပ​ ယူနီယံကလည်း ပါ​ဝင်​ စုံစမ်းမှုများ ပြုလုပ်ရန် ဖြစ်လာ​ နိုင်ခြေရှိကြောင်း ပြောကြား​ သွားသည်။

အစ္စရေးကမူ အဆိုပါ​ အရေးတွင် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ စုံစမ်း​ စစ်ဆေးမှုများ ပြုလုပ်ရန်ကို ငြင်းဆန်ထားဆဲဖြစ်သည်။ ဟိတ်က ဥရောပ ယူနီယံသည် ဂါဇာအရေး​ ကိစ္စတွင် ဥရောပ​ ယူနီယံသည် ယခင်ကတည်းက ပါဝင်​ ကူညီမှုများ ရှိခဲ့ကြောင်း ပြောကြား​ ထားသည်။ မေလ​ (၃၁)​ ရက်နေ့က အစ္စရေး​ ရေတပ်သည် တူရကီပိုင် ဂါဇာ​ ထောက်ပံ့ရေး သင်္ဘော​ တစ်စင်းအား ၀င်ရောက်​ စီးနင်းခဲ့ရာ တူရကီ​ လူမျိုး (၉)​ ဦး​ သေဆုံးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here