အင်တာမီလန်တွင်သာ ဆက်ရှိနေမည်ဟု မိုင်ကွန်ပြောကြား

alt

ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ ဖွယ်ရှိသည်ဆိုသော ခန့်မှန်း ဖော်ပြချက်များကို ဒေါက်ဂလက် မိုင်ကွန်က ငြင်းဆန် လိုက်ပြီး မိမိသည် အင်တာ မီလန်တွင်သာ ဆက်ရှိ နေမည်ဟု ပြောကြား လိုက်သည်။

အင်တာမှ ရီးရဲလ်သို့ ပြောင်းရွှေ့ သွားသည့် နည်းပြ ဟိုဆေး မော်ရင်ညို အလိုအရှိဆုံး ကစားသမား တစ်ဦး ဖြစ်နေသော ဘရာဇီး လက်ရွေးစင် ညာနောက်ခံ လူသည် အီတလီ ထိပ်တန်း အသင်းနှင့် (၂၀၁၄) ခုနှစ်ထိ စာချုပ် သက်တမ်း ကျန်ရှိ နေဆဲဖြစ်သည်။ မိုင်ကွန်က ၎င်းသည် အီတလီမြေတွင် ပျော်ရွှင် နေကြောင်း၊ အသင်း ဥက္ကဌ မက်ဆီမို မိုရက်တီက ရောင်းချရန် ဆုံးဖြတ်မှသာ အသင်းမှ ထွက်ခွာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် ယခုအခါ ဘရာဇီး လက်ရွေးစင် ဘောလုံးအသင်းနှင့်အတူ (၂၀၁၀)ခုနှစ်၊ ကမ္ဘာ့ဖလား အတွက် တောင် အာဖရိကသို့ ရောက်ရှိ နေသည်။ မိုင်ကွန် သည် ပြီးခဲ့သည့် ဘောလုံး ရာသီက အင်တာ အသင်း သမိုင်းဝင် အဖြစ် တစ်ရာသီထဲ ဖလား (၃) လုံး ဆွတ်ခူးရာတွင် အထူး ခြေစွမ်းပြ ပါဝင်ခဲ့သည်။

သတင်းများ အရ ရီးရဲလ်သည် အသက် (၂၈) နှစ်ရှိ မိုင်ကွန်အား ပေါင် (၂၅) သန်း ဝန်းကျင်ဖြင့် ခေါ်ယူ နိုင်ရန် ကြိုးပမ်း နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here