ဘောလီးဝုဒ်မင်းသမီး ဝတ်လစ်စလစ်ပုံများကြောင့် အရှက်တကွဲကြံု

alt

အိန္ဒိယ ဘောလီးဝုဒ် ရုပ်ရှင် လောကမှ နာမည်ကျော် အလှမယ် တစ်ဦး ဖြစ်သည့် ဘီပါရှာဘာဆူမှာ သူမ နာမည်မကြီးမီက အဝတ်မပါဘဲ သရုပ်ဆောင် ခဲ့သည့် ပုံရိပ်များ ထွက်ပေါ်လာမှုကြောင့် အရှက်တကွဲ အခြေအနေမျိုး ကြံုနေရသည်။

You Tube ဝက်ဆိုက်တွင် လွှင့်တင်ခဲ့သည့် အဆိုပါ ဗီဒီယို ပုံရိပ်မှာ ကြော်ငြာ တစ်ခုအတွက် ရိုက်ကူးထားခြင်းဖြစ်ပြီး (၁၉၉၉) ခုနှစ် ကဖြစ်ကြောင်း သိရသည်။ ထိုဗီဒီယိုတွင် ဘောလီးဝုဒ်မှ အမျိုးသား သရုပ်ဆောင် ဗီဗက်အိုဘာရွိုင်လည်း ပါဝင်နေသည်။ ဗီဗက်နှင့် ဘီပါရှာတို့ နှစ်ဦးလုံးသည် ဘောလီးဝုဒ် ဖျော်ဖြေရေး လောကတွင် ရုန်းကန် ကျော်ဖြတ်ရင်း နာမည် ရလာသူများ ဖြစ်ကြသည်။ ယခု ဗီဒီယိုအား အဆိုပါ ကြော်ငြာကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ကန်နာဟွမ်ကပင် You Tube သို့ Upload တင်ခဲ့ ခြင်းဖြစ်သည်။

ဘီပါရှာ၏ ကိုယ်စားလှယ်က ဘီပါရှာသည် အဆိုပါ ကြော်ငြာကို ရိုက်ကူးစဥ်က Ford မော်ဒယ် အေဂျင်စီ၏ ကိုယ်ဟန် ပြမယ် တစ်ဦး အဖြစ်သာ ရှိနေသေးပြီး အမေရိကန် နိုင်ငံ၊ နယူးယောက် မြို့တွင် ရိုက်ကူး ခဲ့ခြင်းဟု ပြောကြား ခဲ့သည်။ ယင်းသည် နိုင်ငံတကာ ဈေးကွက်အတွက်သာ ရည်ရွယ် သရုပ်ဆောင်ထားခြင်း ဖြစ်ပြီး ဘောလီးဝုဒ်တွင် နာမည်ရလာမှ ယခုလို အပုပ်ချခြင်း အတွက် စိတ်ပျက်မိကြောင်း သူမ၏ ကိုယ်စားလှယ်က ဆိုသည်။

ဘီပါရှာသည် ယခုအခါ မင်းသား ဂျွန်အေဗရာဟမ်နှင့် တွဲနေပြီး ကမ္ဘာကျော် ဘောလုံး ကြယ်ပွင့် ပေါ်တူဂီလက်ရွေးစင် ခရစ်စတီယာနို ရော်နယ်ဒိုနှင့်လည်း ဇာတ်လမ်း ရှိဖူးကြောင်း သတင်းများက ဖော်ပြ ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here