ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် တောင်အာဖရိက အသင်းအတွက် ပဥ္စလက် စွမ်းအင်များ ထည့်ပေးထား

alt

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တောင်အာဖရိက နိုင်ငံ လက်ရွေးစင် အသင်းအတွက် ရိုးရာ စုန်းပညာရှင်များက ပဥ္စလက် စွမ်းအင်များကို ဘောလုံးသမား များထံထည့်ပေး ခဲ့ကြောင်း သိရသည်။

အသက် (၃၃)နှစ်အရွယ် ဇူးလူး မှော်ဆရာမ ဆီဘန်ဇိုင်း ဆူဝီနီက အရိုးများ၊ ပင်လယ်ရေနေ သတ္တဝါတို့၏ အခွံများကို မွှေနှောက် မန်းမှုတ်ရင်း မိမိတို့၏ အစီအယင် သည် တောင်အာဖရိက အသင်းအတွက် အကောင်းဆုံး အထောက်အပံ့များ ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ သူမက အသင်း၏ ဒုက္ခများ ကင်းဝေးသွားပြီး ဘောလုံးသမားများသည် အကောင်းဆုံး စွမ်းဆောင်ပြနိုင်မည် ဟုဆိုသည်။

ဂျိုဟန်နက်စဘက် မြို့လယ်တွင် နေထိုင်သည့် မှော်ကဝေ ပညာရှင် အမျိုးသမီးက ဇွန်လ (၁၁)ရက်မှ ဇူလိုင်လ (၁၁)ရက်ထိ ကျင်းပမည့် ဘောလုံးပြိုင်ပွဲကြီးတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာဖွယ် ရှိသည်ဆိုသော ခန့်မှန်းချက် များကိုလည်း ငြင်းဆန် ခဲ့သည်။ ဇူးလူးမြေတွင် ကျင်းပသည့် ဘောလုံး ပြိုင်ပွဲကြီးတွင် အနှောင့်အယှက်များ မရှိစေရန် မှော်ပညာ အစွမ်းဖြင့် တားဆီး ထားနိုင်မည်ဟု သူမ အာမခံကြောင်း ရိုးရာကဝေ အတတ်ကို ယုံကြည် လေးစားသူများ၏ အားထား ကြောက်ရွံ့မှုကို ခံယူထားရသည့် ဆီဘန်ဇိုင်းက ဆိုသည်။ သူမက ကမ္ဘာ့အဆင့် (၈၀)ကျော်တွင် ရှိနေသည့် တောင်အာဖရိက အသင်းသည် ပြိုင်ပွဲတွင် ထင်မှတ်မထား လောက်အောင် အကောင်းဆုံး စွမ်းဆောင် ပြလိမ့်မည်ဟု ပြောကြားခဲ့သေးသည်။

နိုက်ဂျီးရီးယားမှ အသက်(၇၆)နှစ် အရွယ် မှော်ဝိဇ္ဇာကြီး တဦးကလည်း ၎င်းတို့ အသင်းသည် ကွာတား ဖိုင်နယ်အထိ ရောက်ရှိပြီး ဘရာဇီးအသင်း ဗိုလ်စွဲလိမ့်မည်ဟု ဟောကိန်း ထုတ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here