​ရို​မန်​ ကက်​သ​လစ်​ဘုန်​တော်​ကြီး​အား​ ​ဓား​ဖြင့်​​ ထိုး​သတ်​မှု​​ ​သံ​သ​ယ​​ ရှိ​သူ​အား​​ ဖမ်း​ဆီး

alt

တူ​ရ​ကီ​နိုင်ငံ​တွင်​ ​ရို​မန်​ ကက်​သ​လစ်​ ဘုန်း​တော်​ကြီး​ ​တစ်ဦး​အား​ ​ဓား​ဖြင့်​ ထိုး​သတ်​မှု​ အ​တွက်​ ​သံ​သ​ယ​ရှိ​သူ​ကို​ ​ဖမ်း​ဆီး​ ထား​လိုက်​ပြီ​ဟု​ ​သိ​ရ​သည်​။​ ​

ယင်း​သည်​ ​ဘုန်း​တော်​ကြီး​ ​လူ​ဂီ​ပါ​ဒို​ဗက်​၏​ ​ဒ​ရိုင်​ဗာ​ ဖြစ်​ပြီး​ ၎င်း​သည်​ ​သေ​ဆုံး​သူ​ ​ဘုန်း​တော်​ကြီး​ထံ​တွင်​ (​၄)​ နှစ်​ခွဲ​ခန့်​ ​အ​လုပ်​ လုပ်​ခဲ့​ပြီး​သူ​ဟု​ ​တူ​ရ​ကီ​ ​အာ​ဏာ​ပိုင်​များ​က ​ဆို​သည်​။​ ​ရဲ​တပ်​ဖွဲ့​ ​တာ​ဝန်​ရှိ​သူ​ ​မာ​မက်​ဆီ​လက်​တင်​ ​လက်​ကီ​ဆစ်​က​ ​နွေ​ရာ​သီ​ ​စံ​အိမ်​ အ​တွင်း​ ​ဓား​ထိုး​ ခံ​ရ​ပြီး​နောက်​ ​တူ​ရ​ကီ​ တောင်​ပိုင်း​ ဟာ​တေး​ခ​ရိုင်​ ​အစ်​ကန်​ဒါ​ရန်​ မြို့​ရှိ​ ​ဆေး​ရုံ​တွင်​ ​ကွယ်​လွန်​ခဲ့​သည်​။​

​ရဲ​များ​က​ ​ဖမ်း​ဆီး​ ထား​သူ​သည်​ ​ဘုန်း​တော်​ကြီး​အား​ ​ဘာ​သာ​ရေး​၊​ ​နိုင်ငံ​ရေး​ ​ရည်​ရွယ်​ချက်​ဖြင့်​ ​သတ်​ဖြတ်​ခဲ့​ခြင်း​ ​ဟုတ်​ဟန်​ မ​တူ​ကြောင်း​ ​ပြော​ကြား​ ထား​သည်​။​ ၎င်း​အား​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​ ထား​ကြောင်း​၊​ ​ဖြစ်​စဥ်​ တစ်​ခု​လုံး​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​သေး​စိတ်​ ​လေ့​လာ​မှု​များ​ ​ပြု​လုပ်​ သွား​မည်​ ဖြစ်​ကြောင်း​ လက်​ကီ​ဆစ်​က​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here