ဘီယာခွက်ကို အမေဖြစ်သူ ယူသွား သဖြင့် အရေးပေါ်ဖုန်း ခေါ်သူအား စွဲချက်တင်

alt

အမေရိကန် ရဲတပ်ဖွဲ့က ဘီယာခွက်ကို အမေ ဖြစ်သူက ယူသွားသည့် အတွက် အရေးပေါ် ဖုန်းခေါ် ခဲ့သည့် လူတစ်ဦးအား ဝတ္တရား နှောင့်ယှက်မှုဖြင့် စွဲချက် တင်ထား လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပါတ်ကုန်ပိုင်းက အသက် (၃၂) နှစ်အရွယ် အမျိုးသား ချားဒင်နီဆန်သည် ၎င်း၏ ဘီယာခွက်အား မိခင်က သိမ်းသွား သဖြင့် သူမကို ဖမ်းဆီး ပေးပါရန် 911 သို့ ဖုန်းဆက် တိုင်ကြားခဲ့သည်။ ဖလော်ရီဒါရှိ နယူးပို့ရစ်ချီတွင် နေထိုင်သော ဒင်နီဆန်၏ အကြောင်းကြားမှုကြောင့် အရေးပေါ် ရောက်ရှိလာသော ရဲများသည် အကြောင်းရင်းကို သိသောအခါ မိခင်အား မဖမ်းဘဲ ဖုန်းဆက် တိုင်ကြားသူကိုသာ ဖမ်းသွား ခဲ့သည်။

၎င်းအား 911သို့ နှောင့်ယှက်ဖုန်းခေါ်ဆိုမှုဖြင့် စွဲချက်တင်ထားလိုက်သည်။ ဒင်နီဆန်တွင် ရှေ့နေရှိမရှိကိုမူ ရဲများက မပြောကြားခဲ့ချေ။ ဒင်နီဆန်အတွက် အာမခံကြေးကို ဒေါ်လာ(၁၅၀) သတ်မှတ်ထားကြောင်းမူ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here