အမေရိကန် ဆယ်ကျော်သက် ၄၀ ရာခိုင်နှုန်း လိင် အတွေ့အကြံု ရှိပြီး ကိုယ်ဝန်ရမည်ကို မနှစ်သက်ဟုဆို

alt

လေ့လာမှု စစ်တမ်း တခုတွင် ဖော်ပြချက် အရ အမေရိကန် နိုင်ငံရှိ ဆယ်ကျော်သက် အားလုံး၏ (၄၀) ရာခိုင်နှုန်းသည် လိင် အတွေ့အကြံု ရှိခဲ့ပြီးဖြစ်ကာ ယင်းကြောင့် ကိုယ်ဝန် ရလာခြင်း အပေါ် မနှစ်မြို့နိုင်ကြ ကြောင်း သိရှိရသည်။

အမေရိကန် အစိုးရ လက်အောက်မှ အမျိုးသား ကျန်းမာရေး စာရင်းအင်းဌာနက ကောက်ခံ ထားသော စစ်တမ်းတွင် အသက် (၁၃) နှစ် မှ (၁၉)နှစ်ကြား လူငယ်(၄.၃)သန်းသည် အနည်းဆုံး တကြိမ် လိင်ဆက်ဆံ ဖူးကြောင်း ပါရှိသည်။ ယင်း ပမာဏသည် တနိုင်ငံလုံးရှိ ဆယ်ကျော်သက် ဦးရေ (၄၀) ရာခိုင်နှုန်းနှင့် ညီမျှသည်။

ထို့အပြင် ထိုသို့ကျူးလွန်ရာမှ ကိုယ်ဝန် ရရှိလာသည့် အခါ အများစုက မလိုလားကြဘဲ အမျိုးသား (၁၄) ရာခိုင်နှုန်းနှင့် အမျိုးသမီး (၁၈) ရာခိုင်နှုန်းခန့် ကသာ ကျေနပ် ပျော်ရွှင်ကြောင်း ဖြေကြားခဲ့သည်။ အမျိုးသမီးများသည် ကိုယ်ဝန်မရအောင် ကာကွယ်ရာတွင် ရက်တွက်သော နည်းလမ်းအား ယခင်ကထက် ပိုမို သုံးစွဲ လာကြောင်းလည်း သိရသည်။ ဆယ်ကျော်သက် မိန်းကလေးများ၏ (၁၇) ရာခိုင်နှုန်းသည် အဆိုပါ နည်းလမ်းအား အသုံးပြုကာ ကိုယ်ဝန် မရအောင် ကာကွယ်ခဲ့ကြောင်း ဖြေကြားခဲ့ပြီး (၂၀၀၂)ခုနှစ် ကမူ အဆိုပါ နည်းလမ်း သုံးစွဲသည့် အရေအတွက်မှာ (၁၁) ရာခိုင်နှုန်းသာ ရှိခဲ့သည်။ သို့သော်လည်း အဆိုပါနည်းအား သုံးစွဲသူ (၂၅)ရာခိုင်နှုန်း တို့ကလည်း ရက်တွက်နည်းမှာ စိတ်မချရဟု ထင်မှတ် မိကြောင်းလည်း ဝန်ခံ ခဲ့ကြသည်။

အမျိုးသားဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု လျော့နည်းရေး လှုပ်ရှားမှု အဖွဲ့က အမေရိကန်တွင် ဆယ်ကျော်သက်များ ကိုယ်ဝန်ဖျက်ချမှု အရေအတွက်မှာ ယခင်ကထက် လျော့နည်းလာကြောင်းလည်း ကြေညာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here