ဘင်္ဂလားဒေ့ရှ်တွင် လူနေ အဆောက်အအုံ ပြိုကျမှု အနည်းဆုံး ၂၃ဦး သေဆုံး

alt

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူနေ အဆောက်အအုံ တခု ပြိုကျခဲ့ရာ အနည်းဆုံး (၂၃)ဦး သေဆုံးကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့များက ပြောကြားခဲ့သည်။

ဇွန်လ (၁)ရက်နေ့ ညပိုင်းက ပြိုကျခဲ့သည့် (၄)ထပ် အဆောက်အအုံ အတွင်း လူပေါင်းမည်မျှ ရှိနေသည်ကို အတိအကျ မသိနိုင်သေးသည့် အတွက် သေဆုံးသူဦးရေ ပိုမိုများပြား လာနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။ အပျက်အစီး များကြား ကားဝင်ရန် ခက်ခဲခြင်းက ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် ပိုမို ခက်ခဲစေကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံသည် တချိန်က မြေအောက် ဥမင်အဖြစ် အသုံးပြုခဲ့သည့် နေရာတွင် ဆောက်လုပ် ထားခြင်းကြောင့် ပြိုကျသွားခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်း ထားသော်လည်း အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ ဇွန်လ (၃)ရက်နေ့ နံနက် အစောပိုင်းအထိ ဒဏ်ရာရသူ (၆)ဦးကို အပျက်အစီး များကြားမှ ကယ်တင် နိုင်ခဲ့သလို အလောင်းအချို့ကိုလည်း ဆွဲထုတ်ပြီး ဖြစ်ကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့များက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးများက မြေအောက်တွင် ဒဏ်ရာရသူများ ရှိနေသေးပြီး ယင်းတို့အား အလျင်အမြန် ကယ်တင်ရန်အတွက် ကြီးမားသော အကြပ်အတည်းများ တွေ့ကြံု နေရကြောင်း ဝန်ခံပြောဆို ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here