ဘရာဇီးလက်ရွေးစင်ဟောင်း အက်ဒရီယာနို မူးယစ် ဆေးဝါး ဂိုဏ်းနှင့် ဆက်သွယ်မှုဖြင့် စစ်ဆေးခံရ

alt

ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူးဟောင်း အက်ဒရီယာနို လစ်တီရစ်ဘာရီယိုသည် မူးယစ် ဆေးဝါး အရောင်းအဝယ် ပြုလုပ်သည့် ဂိုဏ်း တစ်ခုနှင့် ဆက်သွယ် နေကြောင်း ရဲတပ်ဖွဲ့က မသင်္ကာ သဖြင့်

စုံစမ်း မေးမြန်းမှုများ ပြုလုပ် နေကြောင်း သိရှိ ရသည်။

(၂၀၁၀) ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဘရာဇီး ကိုယ်စားပြုခွင့် လွဲချော်ခဲ့သည့် အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူးသည် ပြီးခဲ့သည့် နှစ်က နာမည်ဆိုးဖြင့် ကျော်ကြားသည့် မူးယစ် ရာဇာ တစ်ဦးထံမှ ငွေကြေး အမြောက်အမြားကို ရဟတ်ယာဥ်တွင် တင်ဆောင်ခဲ့ကြောင်း ရဲများက ယုံကြည်နေကြသည်။

အီတလီ ကလပ် ပါးမားနှင့် အင်တာမီလန်တို့တွင် ကစားဖူးသည့် အက်ဒရီယာနိုက ၎င်းသည် မည်သည့် ရာဇဝတ်မှုနှင့်မျှ ပတ်သက် ယှက်နွယ်ခြင်း မရှိကြောင်း ငြင်းဆန် ထားသည်။ အက်ဒရီယာနိုသည် အရက်သေစာ အလွန်အကျွံ သောက်သုံးမှုများအတွက် အင်တာတွင် ခြေစွမ်း ပျောက်ဆုံးပြီး ဘရာဇီးကလပ် ဖလာမင်ဂိုသို့ ပြောင်းရွှေ့သွားခဲ့သည်။ ၎င်းသည် ဘရာဇီးလိဂ်တွင် ပုံမှန် ခြေစွမ်း ပြန်ရလာပြီး အမှတ်ပေး ချန်ပီယံဘွဲ့နှင့် (၁၇)နှစ် ဝေးကွာနေသော ဖလာမင်ဂိုအား ဗိုလ်စွဲသည် အထိ ကူညီပေးခဲ့သည်။

အက်ဒရီယာနိုသည် ယခုအခါ အီတလီကလပ် ရိုးမားသို့ ပြောင်းရွှေ့ရန် စီစဥ် နေကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here