သွား​များ​ ခိုင်​မာ​စေ​မည့်​ ​အ​ကောင်း​ဆုံ​း သ​ဘာ​ဝ ​ဆေး​စွမ်း​ကောင်း

alt

သွားများ ​ခိုင်​မာ​စေ​မည့်​ ​အ​ကောင်း​ဆုံး​ ​သ​ဘာ​ဝ​ ​ဆေး​စွမ်း​ကောင်း​ ​တ​ခု​ အ​ဖြစ်​ ​ဒိန်​ချဥ်​ကို​ ​ဆ​ရာ​ဝန်​ များ​က​ ​ညွှန်း​ဆို​ လိုက်​သည်​။​ ​ဒိန်​ချဥ်​ကို​ ​ပုံ​မှန်​ စား​ခြင်း​ဖြင့်​ ​သွား​များ​ ယို​ယွင်း​ပျက်​စီး​မှု​ကို​ (​၂၂)​ ရာ​ခိုင်​နှုန်း​ ပို​မို​ အ​ကာ​အ​ကွယ်​ ဖြစ်​စေ​ကြောင်း​ ​သု​တေ​သ​န​ ​စစ်​တမ်း​ တ​ခု​အ​ရ​ ​သိ​ရှိ​ရ​သည်​။​

(​၃)​ နှစ်​အ​ရွယ်​ ​က​လေးငယ်​ ​တဦး​ကို​ ​နေ့​စဥ်​ဖြစ်​စေ​၊​ ​တ​ပါတ်​လျင်​ ​အ​နည်း​ဆုံး (​၄)​ ကြိမ်​ဖြစ်​စေ​ ​ဒိန်​ချဥ်​ တိုက်​ကျွေး​ပြီး​ ​တ​ပါတ်​လျင်​ ​တ​ကြိမ်​​ သို့​မ​ဟုတ်​၊​ ​လုံး​ဝ ဒိန်​ချဥ်​ ​မ​တိုက်​သော​ ​က​လေး​နှင့်​ ​နှိုင်း​ယှဥ်​ ပါ​က​ ​သွား​များ​ ခိုင်​ခံ့​မှု​ ​သိ​သာ​စွာ​ ​တွေ့​ရှိ​ရ​ကြောင်း​ ​ဂျ​ပန်​ နိုင်ငံ​၊​ ​ဖူ​ကူ​အို​ကာ​​ ​တ​က္က​သိုလ်​နှင့်​ ​တို​ကျို​ တ​က္က​သိုလ်​မှ​ ​သု​တေ​သီ​များ​က​ ဩ​စ​တြေး​လျ နိုင်ငံ​မှ​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​ ​လေ့​လာ​တွေ့​ရှိ​မှု​ကို​ ​အ​ခြေ​ခံ​ကာ​ ​သု​တေ​သ​န​ ​ပြု​လုပ်​ပြီး​နောက်​ ​ယ​ခု​ တွေ့​ရှိ​ချက်​ကို​ ​ဂျ​ပန်​ သွား​ဖက်​ ဆိုင်​ရာ​ ​ဆေး​ပ​ညာ ​ဂျာ​နယ်​တွင်​ ​ထည့်​သွင်း​ ဖော်​ပြခဲ့​သည်​။​

ပ​ညာ​ရှင်​များ​၏​ ​အ​ဆို​အ​ရ​ ​ဒိန်​ချဥ်​တွင်​ ​ပါ​ဝင်​သော​ ​ပ​ရို​တင်း​ဓာတ်​ ​တ​မျိုး​သည်​ ​သွား​၏​ အ​ပေါ်​ယံ​ ​မျက်​နှာ​ပြင်​ ​ကျစ်​လျစ်​ ခိုင်​ခံ့​မှု​ကို​ အား​ပေး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ ​ယ​ခု​ လေ့​လာ​မှု​ အ​တွက်​ ​အ​သက် (​၃)​ နှစ်​အ​ရွယ်​ ​က​လေးငယ်​ (​၂၀၀၀)​ ကျော်​အား​ ​သု​တေ​သ​န​ ​ပြု​ခဲ့​ ရ​ကြောင်း​ ​ပ​ညာ​ရှင်များ​က ​ဆို​သည်​။​ သို့​သော်​လည်း​ ​ဗြိ​တိန်​မှ​ သွား​ဆ​ရာ​ဝန်​ ​တဦး​ဖြစ်​သော​ ​ဒေါက်​တာ​ နီ​ဂယ်​ကာ​တာ​က​ အ​ချို့​သော​ ​ဒိန်​ချဥ်​ဘူး​များ​တွင်​ ​သ​ကြား​ ပါ​ရှိ​ခြင်း​က​ ​သွား​များ ​ခိုင်​ခံ့​မှု​ထက်​ ​ယို​ယွင်း​မှု​သို့​ ဦး​တည်​ သွား​စေ​ နိုင်​ကြောင်း​ ​သ​တိ​ပေး​ခဲ့​သည်​။​

ဒိန်​ချဥ်​သည်​ ​ခဲ​လွယ်​သော​ ​သ​ဘော​ရှိ​ သ​ဖြင့်​ ​သွား​ကြား​တွင်​ ​ခဲ​ကပ်​ နေ​ပါ​က​ ​ယင်း​တွင်​ ပါ​ဝင်​သော​ ​သ​ကြား​ကြောင့်​ ​သွား​ပိုး​စား​က​ ​ယို​ယွင်း​မှု​များ​ ​ဖြစ်​နိုင်​ သ​ဖြင့်​ ​ဒိန်​ချဥ်​ စား​ပြီး​ပါ​က​ ခံ​တွင်း​ကို​ ​စ​ံနစ်​တ​ကျ​ ​သန့်​ရှင်း​ရန်​ ​လို​အပ်​ကြောင်း​ ​ဒေါက်​တာ​ ကာ​တာ​က​ ​ထောက်​ပြ​ ဆွေးနွေး​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here