ဆို​မာ​လီ​ယာ​ ​ပင်​လယ်​ဓား​ပြ​များ​​ လက်​မှ ​ပ​နား​မား​​ သ​င်္ဘော​အား​ ​ပြန်​လည်​​သိမ်းယူ

alt

ဆိုမာ​လီ​ယာ​ ​အ​စိုး​ရ​ တပ်​ဖွဲ့​များ​သည်​ ပွန်​တ​လန်​တွင်​ ​ပင်​လယ်​ ဓား​ပြ​များ​က​ ​ဖမ်း​ဆီး​ထား​သည့်​ ​ပ​နား​မား​ပိုင်​ ​ကုန်​တင်​ သ​င်္ဘော​အား​ ​ပြန်​လည်​ စီးနင်း​ သိမ်း​ယူ​ လိုက်​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​

​သို့​သော်​လည်း​ ​ဇွန်​လ (​၃)​ ရ​က်​နေ့​ ​စီး​နင်း​ တိုက်​ခိုက်​မှု​အ​တွင်း​ ​ပင်​လယ်​ ဓား​ပြ​များ​က​ ​သ​င်္ဘော​ က​ပ္ပ​တိန်​ကို​ ​ပစ်​သတ်​ခဲ့​ကြောင်း​ ​ဒေ​သ​ဆိုင်​ရာ​ ​ဆိပ်​ကမ်း​နှင့်​ ရေ​ကြောင်း​ ဌာ​န​ ​တာ​ဝန်​ရှိ​သူ​ ​တဦး​ဖြစ်​သည့်​ ​ဆက်​မို​ဟာ​မက်​ရာ​ဂျား​က​ ​ပြော​ကြား​ခဲ့​သည်​။​ တပ်​ဖွဲ့​များ​သည်​ ​ဘ​ရာ​ဇီး​မှ​ ​ရွက်​လွှင့်​ ထွက်​ခွာ​လာ​စဥ်​ ​ဓား​ပြ​များ​၏​ ​ပြန်​ပေး​ဆွဲ​မှု​ကို​ ​ခံ​လိုက်​ရ​သည့်​​ MV​ QSM​ Dubai​ ​သ​င်္ဘော​ပေါ်​မှ​ ​ဂါ​နာ​၊​ ​ပါ​က​စ္စ​တန်​၊​ ​အီ​ဂျစ်​နှင့်​ ​ဘ​င်္ဂလား​ဒေ့​ရှ်​ ​နိုင်ငံ​သား​များ​ ​ပါဝင်​သည့်​ ​သ​င်္ဘော​သား​ (​၂၄) ဦး​ကို​လည်း​​ ​သ​င်္ဘော​နှင့်​ အ​တူ​ ​ကယ်​တင်​ လိုက်​နိုင်​သည်​။​ ​

တန်​ချိန် (​၁၅၀၀၀)​ ရှိ​သော​ ​သ​င်္ဘော​ကြီး​သည်​ ဇွန်​လ (​၂)​ ရက်​နေ့​က​ ​အေ​ဒင်​ ပင်​လယ်​ကွေ့​ကို​ ​ဖြတ်​ကျော်​စဥ်​ ​ပျောက်​ဆုံး​သွား​ခြင်း​ ဖြစ်​သည်​။​ ဆို​မာ​လီ​ တပ်​ဖွဲ့​များ​သည်​ ​သ​င်္ဘော​ပေါ်​မှ​ ​ဓား​ပြ (​၇) ဦး​ကို​လည်း​ ​ဖမ်း​ဆီး​ ထား​လိုက်​ပြီး​ ၎င်း​တို့​ကို​ ​တ​ရား​စွဲ​ ဆို​ရန်​ ​စီ​စဥ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here