ဘာ​စီ​လို​နာ​ ​နောက်​ခံ​လူ​ ​ဒီ​မီ​ထ​ရို​ ​ချိုင်​ဂ​ရင်း​စ​ကီး​အား​ ​မန်​ယူ​​ က​လည်း​ ခေါ်​ယူ​လို

alt

စ​ပိန်​ချန်​ပီ​ယံ​ ​ဘာ​စီ​လို​နာ​ ​အ​သင်း​မှ​ ​နောက်​တန်း​လူ​ ​ဒီ​မီ​ထ​ရို​ ​ချိုင်​ဂ​ရင်း​စ​ကီး​အား​ ​အ​ပြိုင်​အ​ဆိုင်​ ​စိတ်​ဝင်​စား​နေ​သော​ ​အ​င်္ဂလန်​ ​ထိပ်​တန်း​က​လပ်​များ​ ​စာ​ရင်း​တွင်​ ​မန်​ချက်​စ​တာ​ ​ယူ​နိုက်​တက်​ လည်း​ ​ပါ​ဝင်​လာ​ပြီ​ ဖြစ်​သည်​။​

​အ​သက်(​၂၃)​ နှစ်​ရှိ​ ​ယူ​က​ရိန်း​ ​ခံ​စစ်​မှူး​အား​ ​အာ​ဆင်​နယ်​၊​ ​ချဲလ်​ဆီး​နှင့်​ ​မန်​ချက်​စ​တာ​ ​စီး​တီး​တို့​က​လည်း​ ​စိတ်​ဝင်​စား ​နေ​သည်​။​ ၎င်း​သည်​ ​ယ​မန်​နှစ်​က​ ​ရှက်​တာ​ဒိုး​နက်​ ​အ​သင်း​မှ​ ​ပေါင်​ (​၂၂)​ သန်း​ဖြင့်​ ​ဘာ​စီ​လို​နာ​သို့​ ​ရောက်​ရှိ​လာ​ခဲ့​သည်​။​ အာ​ဆင်​နယ်​သည်​ ​အ​သင်း​မှ​ ​ကွင်း​လယ်​လူ​ ​ဆက်​ဖာ​ဘ​ရီ​ဂက်​ကို​ ​ဘာ​စီ​လို​နာ​က​ ​ခေါ်​ယူ​ရန်​ ​ကြိုး​ပမ်း​ပါ​က​ ​ချိုင်ဂ​ရင်း​စ​ကီး​အား​ ​အ​လိုက်​ပေး​ရန်​ ​တောင်း​ဆို​​ သွား​ဖွယ်​ ​ရှိ​နေ​သည်​။​ ဂျာ​မန်​ က​လပ်​အ​သင်း​ ​ဘိုင်​ယန်​မြူး​နစ်​က​လည်း​ ​အ​င်္ဂလန်​ ​ပ​ရီး​မီး​ယား​လိဂ်​ ​က​လပ်​များ​နှင့်​​ အ​ပြိုင်​ ​သွေး​သစ်​ က​စား​သ​မား​အား​ ​စိတ်​ဝင်​​စား​ လျက်​ရှိ​သည်​။

​ဘာ​စီ​လို​နာ​သည်​ အ​သင်း​တွင်​ ​ပုံ​မှန်​​ နေ​ရာ​ရ​ရန်​ ​ခက်​ခဲ​သော​ ​ချိုင်​ဂ​ရင်း​စ​ကီး​ အား​ ထိုက်​သင့်​​ သ​လောက်​ ​အ​ရှံုး​ခံ​ ​ရောင်း​ချ​​ သွား​ဖွယ်​ ​ရှိ​သော်​လည်း​ ​မည်​သည့်​​ အ​သင်း​က​မျှ​ ​က​စား​သ​မား​​ အ​တွက်​ ​ပေါင်(​၁၂)​သန်း​ထက်​ ​ပို​မ​ပေး​ သော​ကြောင့်​ ​ေ​ဈး​ကိုင်​​ ထား​ဆဲ​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here