စစ်​ပွဲ​ စ​တင်​ရန်​ အ​သင့်​ဟု​ ​မြောက်​ကို​ရီး​ယား​က​​ ကု​လ​သ​မ​ဂ္ဂ​ အစည်း​အ​ဝေးတွင်​​ ကြေ​ညာ​

alt

မြောက်​ကို​ရီး​ယား​ နိုင်ငံ​က​ ၎င်း​တို့​သည်​ ​အ​ချိန်​မ​ရွေး​ ​စစ်​ပွဲ​ စ​တင်​ရန်​ ​အသင့်​ ရှိ​နေ​ပြီ​ဟု​ ​ကု​လ​သ​မ​ဂ္ဂ​ ​အစည်း​အ​ဝေး​ တွင်​ ​အ​တိ​အ​လင်း​ ​ကြေ​ညာ​လိုက်​သည်​။​ ​

ကို​ရီး​ယား​ ကျွန်း​ဆွယ်​တွင်​ ​တောင်​နှင့်​မြောက်​ ​နှစ်​နိုင်ငံ​ ​တင်း​မာ​မှု​ ​မြင့်​တက်​ လာ​ချိန်​တွင်​ ​ကျင်း​ပ​သည့်​ ​အ​စည်း​အ​ဝေး​တွင်​ ​မြောက်​ပိုင်း​ ကွန်​မြူ​နစ်​နိုင်ငံ​ ​ကိုယ်​စား​လှယ်​ ​ရီ​ဂျန်​ဂွန်​က​ ​လက်​ရှိ အ​နေ​အ​ထား​က​ ​စစ်​ပွဲ​တ​ခု​ ​ပေါက်​ကွဲ​ ဖြစ်​ပေါ်​လာ​စေ​ရန်​ ​လှုံ့​ဆော်​ နေကြောင်း​၊​ ​အ​ချိန်​မ​ရွေး​ ​ဖြစ်​ပေါ်​လာ​မည့်​ ​စစ်​ပွဲ​ အ​တွက်​ ​မြောက်​ကို​ရီး​ယား​က​ ​ပြင်​ဆင်​ ထား​ပြီး ​ဖြစ်​ကြောင်း​ ခြိမ်း​ခြောက်​ ပြော​ကြား​သွား​ခဲ့သည်​။​ ​နျူ​က​လီး​ယား​ လက်​နက်​များ​ ​ထုတ်​လုပ်​ နေ​ခြင်း​ကြောင့်​ ​နိုင်ငံ​တ​ကာ​ ​ပိတ်​ဆို့​မှု​များ​ ​ခံ​နေ​ရ​သည့်​ ​မြောက်​ကို​ရီး​ယား​သည်​ ​မတ်​လ​ အ​တွင်း​က​ ​တောင်​ကို​ရီး​ယား​ ​စစ်​သ​င်္ဘော​ တ​စင်း​အား​ ​တော်​ပီ​ဒို​နှင့်​ ​ပစ်​ခတ်​ နှစ်​မြှုပ်​ လိုက်​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​ထွက်​ပေါ်​ လာ​ပြီး​နောက်​ ​တောင်​ကို​ရီး​ယား​က​ စစ်​ရေး ​လေ့​ကျင့်​မှု​များ​ ​ပြု​လုပ်​ နေ​သည်​မှာ​ ​ရန်​စ​မှု​ဟု​ ​မိ​မိ​တို့​ယူ​ဆ​ကြောင်း​လည်း​ ​ယင်း​ ကိုယ်​စား​လှယ်​က​ ဆို​သည်​။​

Cheonan​​ သ​င်္ဘော​သည်​ ​နှစ်​နိုင်ငံ​ နယ်​စပ်​ ​ရေ​ပြင်​အ​နီး​ ​ကင်း​လှည့်​နေ​စဥ်​ ​မတ်​လ (​၂၆)​ ရက်​နေ့​က​ ​ပေါက်​ကွဲ​ နစ်​မြုပ်​ခဲ့​ရာ​ ​ရေ​တပ်​သား​ (​၄၆)ဦး​ ​သေ​ဆုံး​ ခဲ့​သည်​။​ ​ဇွန်​လ (​၃)​ ရက်​နေ့​ ​အစည်း​အ​ဝေး​သို့​ ​တက်​ရောက်​ခဲ့​သည့်​ ​အ​မေ​ရိ​ကန်​ ကိုယ်​စား​လှယ်​ ​လော်​ရာ​က​နေ​ဒီ​က​ ​သူမ​ သည်​လည်း​ ​ကို​ရီး​ယား​ ​ကျွန်း​ဆွယ်​ အ​နေ​အ​ထား​သည်​ စိုး​ရိမ်​စ​ရာ​ ​ဖြစ်​နေ​သည်​ကို​ ​လက်​ခံ​ သော်​လည်း​ ​မြောက်​ကို​ရီး​ယား​၏​ ​ခြိမ်း​ခြောက်​မှု​ကို​မူ​ ​ပယ်​ချ​လိုက်​သည်​။​ ​မြောက်​ ကို​ရီး​ယား​သည်​ ​စစ်​ပွဲ​ကို​ ​အ​ကြောင်း​ပြ​ပြီး​ ​ခြိမ်း​ခြောက်​နေ​မှု​ သာ​ဖြစ်​ကြောင်း​၊​ ​ကု​လ​သ​မ​ဂ္ဂ​ အ​နေ​နှင့်​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​တင်း​မာ​မှု​ အ​တွက်​ အ​ဖြေ​တ​ခု​ ​ရှာ​ဖွေ​ ပေး​နိုင်​မည်​ဟု​ ​မိ​မိ​ ယုံ​ကြည်​ကြောင်း​ ​လော်​ရာ​က​ ​ပြော​ဆို​သွား​ခဲ့သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here