အ​လှ​အ​ပ​​ အ​တွက်​ ​ ကင်​မ​ရွန်​​ ဒိုင်​ယက်​၏​ ​လျှို့​ဝှက်​​ နည်း​လမ်း

alt

ကင်မ​ရွန်​ဒိုင်​ယက်​က​ သူ​မ​၏​ ​အ​လှ​အ​ပ​ အ​တွက်​ ​လျှို့​ဝှက်​ချက်​​​ အ​ဖြစ်​ ​လိင်​​ ဆက်​ဆံ​မှု​ ​များ​များ​ ​ပြု​လုပ်​ကြောင်း​ ​ထုတ်​ဖော်​​ ပြော​ကြား​လိုက်​သည်​။​ အ​သက်(​၃၇)​​ နှစ်​အ​ရွယ်​ ​ဟော​လီး​ဝုဒ်​ ​မင်း​သ​မီး​သည်​ ​လက်​ရှိ​​ အ​ချိန်​တွင်​ ​ဘေ့စ်​​ ဘော​စ​တား​ ​အဲ​လက်​ရို​ဒ​ရီ​ဂွတ်​ နှင့်​ ​တွဲ​နေ​သူ​​ ဖြစ်​သည်​။​

​သူ​မ​က​ ​လက်​ရှိ​ဘ​ဝ​ကို​ ​ကျေ​နပ်​နေ​ပြီး​ (​၂၅)နှစ်​​ အ​ရွယ်​ ​ပြန်ငယ်​​ ခွင့်​ရ​မည်​ ​ဆို​လျင်​ပင်​ ​လက်​ရ​ိ​ှ ​ရုပ်​ရည်​နှင့်​ ​အ​လှ​အ​ပ​ ​ကို​သာ​ ​ပို​ပြီး​​ သ​ဘော​ကျ​​ မိ​ကြောင်း​ ​ပြော​ကြား​ ​ခဲ့​သည်​။​ ​သူ​မ​၏​ ​အ​လှ​အ​ပ​တွင်​ ​အ​စား​အ​သောက်​ကို​ ​ဂ​ရု​စိုက်​ခြင်း​သည်​လည်း​ ​အ​ဓိ​က​​ ကျ​သည့်​ ​အ​ကြောင်း​အ​ရာ​ ​တ​ခု​​ ဖြစ်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​ပို​​ အ​ရေး​ကြီး​သည့်​ ​ကိ​စ္စ​မှာ​ ​သာ​ယာ​ ​ပျော်​ရွှင်​ဖွယ်​ ​လိင်​မှု​ ​အ​တွေ့​အ​ကြံု​ များ​ကြောင့်​ ​ဖြစ်​ကြောင်း​ ​ဒိုင်​ယက်​က​ ​ဖွင့်​ဟ​ခဲ့​သည်​။​

​ဂျက်​စ​တင်​ ​တင်း​ဘား​လိတ်​၊​ ​ဂျွန်​မေ​ယာ​တို့​နှင့်​လည်း​ ​ဇာတ်​လမ်း​​ ဖြစ်​ဖူး​သည့်​ ​ဒိုင်​ယက်​က​ ​ဗြိ​တိန်​ထုတ်​ Vogue​ ​မ​ဂ္ဂ​ဇင်း​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​သူ​မ​၏​ ​အ​လှ​အ​ပ​ ​လျှို့​ဝှက်​ချက်​နှင့်​ ​ပတ်​သက်​ပြီး​ ​မေး​မြန်း​ခဲ့​ရာ​ ​ယ​ခု​လို​ ​ဖြေ​ဆို​​ခဲ့​ခြင်း​ ဖြစ်​သည်​။​ သူ​မ​သည်​ ​အ​ချစ်​ကြောင့်​ ​သာ​ယာ​ ​ပျော်​ရွှင်​သော​ ​ဘ​ဝ​မျိုး​ကို​ ​ပိုင်​ဆိုင်​ထား​ကြောင်း​လည်း​ ​ပြော​ကြား​ခဲ့​သည်​။​ Charlie’s​ Angels ​စ​တား​ ​မင်း​သ​မီး​က​ ​သူ​မ​​ အ​နေ​နှင့်​ ​က​လေး​ယူ​ပြီး​ ​အ​ခြေ​တ​ကျ​ ​နေ​ထိုင်​ရ​မည့်​ ​ဘ​ဝ​မျိုး​ကို​မူ​ ​မ​လို​ချင်​ သေး​ကြောင်း​လည်း​ ​ဝန်​ခံ​​ ပြော​ကြား​​သွား​ခဲ့သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here