​ထောင်​ကျ​ ခံ​ရ​မည့်​​အ​တွက်​ ​လုံးဝ​ ​မ​စိုး​ရိမ်​ပါ​ဟု​ ဝက်​စ​လေ​ဆ​နိုက်​​​ ပြော​ကြား

alt

ထောင်​ကျ​မည့်​​ ကိ​စ္စ​ကို​ ​လုံး​ဝ​​ မ​စိုး​ရိမ်​ကြောင်း​ ​ဝက်​စ​လေ​ဆ​နိုက်​ က​ ​ပြော​ကြား​​လိုက်​သည်​။​ ​အ​သက​​ (​၄၇)​ ​နှစ်​ရှိ​ ​ဟော​လီး​ဝုဒ်​ ​မင်း​သား​သည်​ (​၂၀၀၈)​​ ခု​နှစ်​၊​ ဧ​ပြီ​လ​က​ ​ဝင်​ငွေ​ခွန်​ ​လိမ်​လည်​မှု​များ​ ​ပြု​လုပ်​​ထား​ကြောင်း​ ​ဖော်​ထုတ်​​ တွေ့​ရှိ​ပြီး​နောက်​ ​ဆိုင်းငံ့​​ ထောင်​ဒဏ်​ (​၃)​​ နှစ်​ ​ချ​မှတ်​​ ခံ​ထား​ရ​သူ ဖြစ်သည်​။​

၎င်း​အ​နေ​နှင့်​ ​ထောင်​ထဲ​သို့​ ​သွား​ရ​သည့်​အ​ခါ​ ​မည်​သို့​​ ခံ​စား​ရ​မည်​​ ဆို​သော​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ Blade​ ​ဇာတ်​ကား​မှ​ ​စ​တား​ က​ ​မိ​မိ​​အ​နေ​နှင့်​ ​တည်​တည်​ငြိမ်​ငြိမ်​ပင်​ ​ရှိ​နေ​ကြောင်း​၊​ ​မည်​သို့​မျှ​ ​ပူ​ပန်​နေ​မည်​ ​မ​ဟုတ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​တ​ရား​ရုံး​တွင်​ ​အင်​တိုက်​အား​တိုက်​ ​ခု​ခံ​​ ထွက်​ဆို​ခြင်း​ ​မ​ရှိ​သည့်​ ​ကိ​စ္စ​​အ​ပေါ်​ ​ဆ​နိုက်​ က​ ​မိ​မိ​​ အ​နေ​နှင့်​ ​အ​မှား​အ​ယွင်း​ ​တ​စုံ​တ​ရာ​ ​မ​လုပ်​ကိုင်​​ ခဲ့​ကြောင်း​၊​ ​တ​ရား​ရုံး​တွင်​ ​ငွေ​ကြေး​​ အ​ကုန်​အ​ကျ​ခံ​ ​ကာ​ကွယ်​​ နေ​မည့်​အ​စား​ ​စာ​အုပ်​​ ဝယ်​ဖတ်​ခြင်း​က​ ​ပို​အ​ကျိုး​ ​ရှိ​ကြောင်း​ FHM​ ​မ​ဂ္ဂ​ဇင်း​သို့​ ​ပြော​ကြား​​သွား​ခဲ့သည်​။​

အ​ခွန်​​ စီ​စစ်​ရေး​ ဌာ​န​က​ ​ဆ​နိုက်​သည်​ (​၁၉၉၉)​ ​ခု​နှစ်​မှ​ (​၂၀၀၁)​​ ခု​နှစ်​အ​ထိ​ ​အ​ခွန်​ငွေ​ ​ဒေါ်​လာ​ (​၂.​၈)​​ သန်း​ ​ပေး​ချေ​ရန်​ ​ပျက်​ကွက်​​ခဲ့​ကြောင်း​ ​စစ်​ဆေး​ ​တွေ့​ရှိ​ထား​သည်​။​ ​မိ​မိသည်​ ​ပ​ညာ​တတ်​ ​တဦး​​ မ​ဟုတ်​သော်​လည်း​ ​အ​ဆိုး​အ​ကောင်း​ကို​ ​ဝေ​ဖန်​နား​လည်​ နိုင်​ကြောင်း​၊​ ​ယ​ခု​​ ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​ထောင်​ထဲ​ရောက်​မည်​ ဆို​လျင်​လည်း​ ​ခံ​ယူ​ချက်​​ အ​တိုင်း​ ​ခိုင်​ခိုင်​မာ​မာ​ ​ရှိ​နေ​သ​ဖြင့်​ ​လုံး​ဝ​ ကြောက်​ရွံ့​မည်​​ မ​ဟုတ်​ကြောင်း​ ​ဆ​နိုက်​က​ ​ပြော​ကြား​​သွား​ခြင်း ဖြစ်သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here