ဂျ​ပန်​နိုင်ငံ​ ဝန်​ကြီး​ချုပ်​သစ်​​ အ​ဖြစ် ဘဏ္ဍာ​ရေး​​ ဝန်​ကြီးအား​ ​ရွေး​ချယ်

alt

ကြိုတင်​​ သ​တင်း​များ​ ​ထွက်​ပေါ်​​နေ​သည့်​​ အ​တိုင်း​ ​ဂျပန်​​ နိုင်ငံ​၏​ ​ဝန်​ကြီး​ချုပ်​ ​ရာ​ထူး​ကို​ ​ဘဏ္ဍာ​ရေး​​ ဝန်​ကြီး​ ​နေ​တို​ကန်​ က​ ​ဆက်​ခံ​​ ရ​ရှိ​​သွား​ပြီ​ ဖြစ်​သည်​။​

​အ​သက်​ (​၆၃)​ ​နှစ်​ရှိ​ ​နေ​တို​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​ဒု​တိ​ယ​ ​စီး​ပွား​ရေး​ ​အ​ဖွံ့​ဖြိုး​ဆုံး​ ​နိုင်ငံ​ကြီး​၏​ ​ကြွေး​မြီ​​ အ​ရှုပ်​အ​ထွေး​ကို​ ဦး​စွာ​​ ဖြေ​ရှင်း​​ ရ​ဖွယ်​ ​ရှိ​နေ​သည်​။​ လက်​ရှိ​​ အာ​ဏာ​ရ​ DPJ​​ ပါ​တီ​၏​ ​အ​ကြီး​အ​ကဲ​​ အ​ဖြစ်​ ​ရွေး​ချယ်​ခြင်း​ ​ခံ​ရ​သော​ ​နေ​တို​သည်​ ​​ပြိုင်​ဖက်​ဖြစ်​သူ​ ပတ်​ဝန်း​ကျင်​​ ထိန်း​သိမ်း​ရေး​ ​အ​ထူး​​ ကော်​မ​တီ​ ဥ​က္က​ဌ​ ရှင်​ချီ​ဒါ​ မဲ​​ အ​ရေ​အ​တွက်​ ​နှစ်​ဆ​ကျော်​​ ဖြင့်​ ​အ​နိုင်​ရ​ခဲ့​သည်​။​ ၎င်း​သည်​ ဩ​ဇာ​ ​ကြီး​မား​သော​ ​အောက်​​ လွှတ်​တော်​ ​အ​မတ်​အ​များ​စု​၏​ ​ထောက်​ခံ​မှု​ကို​ ​ရ​ရှိ​ခဲ့​ပြီး​ ​လာ​မည့်​​လ​​ အ​တွင်း​ အ​ထက်​​ လွှတ်​တော်​မှ​ ​ကိုယ်​စား​လှယ ်​များ​နှင့်​ပါ​ ​တွေ့​ဆုံ​ ​ဆွေး​နွေး​ရန်​ ​စီ​စဥ်​ထား​သည်​။​ ​

နေ​တို​သည်​ စက်ရုံ​​ မန်​နေ​ဂျာ​ ​တဦး​၏​ ​သား​ဘ​ဝ​မှ​ ​ဝန်​ကြီး​ချုပ်​ ​ဖြစ်​လာ​သူ​ ​ဖြစ်​သည်​။​ ၎င်း​သည်​ ​ဝန်​ကြီး​ချုပ်​ဟောင်း​ ယူ​ကီ​အို​​ ဟာ​တို​ယာ​မာ​ လက်​ထက်​မှ​ ​ဝန်​ကြီး​​ အ​များ​စု​ကို​ ​ပြန်​လည်​​ စု​စည်း​ကာ​ ​အ​စိုး​ရ​သစ်​ ​ဖွဲ့​စည်း​​ သွား​ဖွယ်​ ​ရှိ​နေ​သည်​။​ ဂျ​ပန်​သည်​ ​ပြီး​ခဲ့သည့်​ (​၄)​​ နှစ်​တာ​ ​ကာ​လ​အ​တွင်း​ ​ဝန်​ကြီး​ချုပ်​ ​အ​ပြောင်း​အ​လဲ​ ​များ​ပြား​ခဲ့​ပြီး​ ​နေ​တို​​ မ​တိုင်​မီ​က​ ​ဝန်​ကြီး​ချုပ်​ ​ဟာ​တို​ယာ​မာ​သည်​ ​နိုင်ငံ​ရေး​ ​ရံ​ပုံ​ငွေ​​ ဆိုင်​ရာ​ ​အ​ရှုပ်​အ​ထွေး​ များ​ကြောင့်​ ​လူ​ထု​​ ထောက်​ခံ​မှု​ ကျ​ဆင်း​​ လာ​သော​ကြောင့်​ ​ရာ​ထူး​မှ​ ​နှုတ်​ထွက်​​သွား​ခြင်း​ ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here