တရားသူကြီး သုံးဦးကို ပစ်သတ်ကာ မိမိကိုယ်ကိုယ် အဆုံး စီရင်သွားသည့် တရုတ်အမျိုးသား

alt

တရုတ် နိုင်ငံ အလယ်ပိုင်းတွင် အမျိုးသား တဦးက တရားရုံး တခုသို့ ဝင်ရောက်ကာ တရားသူကြီး (၃)ဦး ကို ပစ်သတ်ပြီး မိမိ ကိုယ်ကိုယ်ပါ သေကြောင်းကြံ သွားကြောင်း သိရသည်။

ဇွန်လ (၂)ရက်နေ့ ဖြစ်စဥ်တွင် အခြားသူ (၃)ဦးလည်း ဒဏ်ရာများ ရခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

တရုတ်တွင် ကျောင်းများအတွင်း ပညာသင်ကြားနေသော ကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက်နေမှုကြောင့် ကျီးလန့်စာစား ဖြစ်နေချိန်တွင် ယခုကဲ့သို့ အများပြည်သူကို ပစ်မှတ်ထားသည့် ပစ်ခတ်မှုမျိုး ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဟူနန်ရှိ ယွန်ဇူးမှ တရားရုံးတွင် ဝင်ရောက် ပစ်ခတ်သူသည် အသက် (၄၆)နှစ် အရွယ် ဇူဂျွန်းဆိုသူ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လူသတ်သမားသည် အော်တိုမက်တစ် သေနတ် အသေးစားလေး တလက်ဖြင့် တရားသူကြီး များကို ပစ်သတ်ကာ မိမိ ကိုယ်ကိုယ်ပါ သေကြောင်း ကြံခဲ့ခြင်းဟု သိရသည်။ တရားရုံး၏ (၄)ထပ်တွင် ဖြစ်ပွားသော ပစ်ခတ်မှုကြောင့် အခြားရုံး ဝန်ထမ်း (၃)ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။ တရုတ်တွင် ပြီးခဲ့သော လပိုင်းများကလည်း ဓားနှင့်တူကဲ့သို့ လက်နက်များကို အသုံးပြုကာ လူထုအား အကြမ်းဖက် တိုက်ခိုက်မှု များလည်း ဖြစ်ပေါ် ခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here