​ဂါ​ဇာ​သို့​ ​မည်​သည့်​ သ​င်္ဘော​မှ​ ​ကပ်​ခွင့်​​ မ​ပြု​ဟု​ ​အ​စ္စ​ရေး​​ ဝန်​ကြီး​ချုပ်​ ပြော​ကြား

alt

ဂါဇာ​ဒေ​သ​သို့​ ​မည်​သည့်​​ သ​င်္ဘော​ကို​မှ​ ​ချဥ်း​ကပ်​ရန်​ ​ခွင့်​ပြု​မည်​​ မ​ဟုတ်​ကြောင်း​ ​အ​စ္စ​ရေး​ ​ဝန်​ကြီး​ချုပ်​ ​ဘင်​ဂျ​မင်​ ​နာ​တန်​ယာ​ဟူ​ က​ ​ကြေ​ညာ​လိုက်​သည်​။​ ​

ဂါ​ဇာ​​ ထောက်​ပံ့​ရေး​ ​သ​င်္ဘော​ကို​ ​အ​စ္စ​ရေး​က​ ​စီး​နင်း​​ တိုက်​ခိုက်​မှု​ကြောင့်​ ​ဖိ​အား​များ​ ​ကြံု​နေ​ရ​ပြီး​ ​ဂါ​ဇာ​​အ​ပေါ်​ ​ပိတ်​ဆို့​​ ထား​မှု​ကို​ ​ဖယ်​ရှား​ပေး​ရန်​ ​နိုင်ငံ​တ​ကာ​ ​တောင်း​ဆို​မှု​များ​ ​မြင့်​တက်​​ နေ​သည့်​တိုင်​ ​ဂါ​ဇာ​သို့​ ​မည်​သည့်​​ သ​င်္ဘော​ကို​မျှ​ ​ဝင်​ခွင့်​​ မ​ပြု​​နိုင်​ကြောင်း​ ​အ​စ္စ​ရေး​က​ ​တင်း​တင်း​မာ​မာ​ပင်​ ​ကြေ​ညာ​​ခဲ့​သည်​။​ ဂါ​ဇာ​​ ဒေ​သ​တွင်​ ​ဟား​မတ်​​ ပြောက်​ကျား​ ​တပ်​ဖွဲ့​များ​ ​အင်​အား​​ တောင့်​တင်း​​ လာ​ပြီး​နောက်​ ၎င်း​တို့​အား​ ​စစ်​လက်​နက်​နှင့်​ ​ရိ​က္ခာ​များ​ ​ထောက်​ပံ့​​ နိုင်​သည်​ဆို​သော​ ​အ​ကြောင်း​ပြ​ချက်​ဖြင့်​ ​အ​စ္စ​ရေး​က​ ​ဂါ​ဇာ​ကို​ ​လွန်​ခဲ့​သော​ (​၃)​​နှစ်​ က​တည်း​က​ ​ပိတ်​ဆို့​​ ထား​ခဲ့​သည်​။​

မည်​သို့​သော​ ​အ​ကြောင်း​ပြ​ချက်​ဖြင့်​​ ဖြစ်​စေ​၊​ ​လတ်​တ​လော​တွင်​ ​ဂါ​ဇာ​သို့​ ​သ​င်္ဘော​များ​ ​ချဥ်း​ကပ်​ရန်​​ ကိ​စ္စ​ကို​ ခွင့်​ပြု​မည်​​ မ​ဟုတ်​ကြောင်း​ ​နာ​တန်​ယာ​ဟူ​ က​ ​ဇွန်​လ​ (​၃)​​ ရက်​နေ့​တွင်​ ​ထုတ်​ဖော်​​ ပြော​ကြား​​လိုက်​သည်​။​ ​အ​စ္စ​ရေး​သည်​ ​ဂါ​ဇာ​​ ကမ်း​ခြေ​သို့​ ​ဆိုက်​ကပ်​ ​ခွင့်​ရ​သည့်​ ​သီး​သန့်​ရေ​ယာဥ်​များ​ အ​ဖြ​စ်​ ​လူ​အ​နည်းငယ်​သာ​ ​လိုက်​ပါ​နိုင်​ပြီး​ ​ကုန်​ပ​စ္စည်း​များ​ ​တင်​ဆောင်​ခွင့်​မ​ရှိ​သော​ ​လှေ​လေး​များ​ ကို​သာ​ ​သွား​လာ​ရန်​ ​ခွင့်​ပြု​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here