​ဒေါ​သ​သည်​ ​တခါ​တ​ရံ​ နှ​လုံး​​ ကျန်း​မာ​ရေး​​ အ​တွက်​ ​အ​ထောက်​အ​ကူ​​ ဖြစ်​စေ​​ ဟု​ဆို

alt

ဒေါ​သ​​ အ​လွန်​ထွက်​​ သ​ဖြင့်​ ​နှ​လုံး​​ ဖောက်​ပြန်​ ​သေ​ဆုံး​မှု​မျိုး​ ​မြင်​တွေ့​ဖူး​၊​ ​ကြား​ဖူး​​ ကြ​ပေ​လိမ့်​မည်​။​ ​သို့​သော်​လည်း​ ​သု​တေ​သီ​ ​အ​ချို့​က​မူ​ ​ဒေါ​သ​​ သည်​ ​တ​ခါ​တ​ရံ​ ​နှလုံး​ ၏​ ​ကျန်း​မာ​ရေး​​ အ​တွက်​ ​အ​ထောက်​အ​ကူ​ ​ဖြစ်​စေ​သည်​ဟု​ ​ယုံ​ကြည်​​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​စိတ်​ဆိုး​သော​ ​ခံ​စား​မှု​သည်​ ​စိတ်​​ ဖိ​စီး​မှု​ကို​ ​ဖြစ်​ပေါ်​စေ​သည့်​ ​အ​နုတ်​​ လ​က္ခာ​ဆောင်​သော​ ​စိတ်​​ အ​ခြေ​အ​နေ​များ​ကို​ ​လျော့​ပါး​​ စေ​ကြောင်း​ ​စ​ပိန်​​ နိုင်ငံ​၊​ ​ဗ​လန်​စီ​ယာ​ ​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​​ နီ​ယက်​ဟီ​ရာ​ရို​က​ ​ပြော​ကြား​​ ခဲ့​သည်​။​ ​ရုတ်​တ​ရက်​ ​စိတ်​ဆိုး​မှု​များ​ ​ကြံု​သွား​ရ​သူ​ (​၃၀)​​ ၏​ ​နှ​လုံး​​ ခုန်​နှုန်း​၊​ ​သွေး​ကြော​များ​ ​တင်း​မာ​မှု​၊​ ​ဟို​မုန်း​​ ပြောင်း​လဲ​မှု​များ​ ​အ​ပါ​အဝင်​ ​အ​ချက်​အ​လက်​ (​၅၀)​​ ကျော်​ကို​ ​လေ့​လာ​ပြီး​နောက်​ ​ဒေါ​သ​​ ထွက်​ခြင်း​ကြောင့်​ ​စိတ်​​ ဖိ​စီး​မှု​ကို​ ​လျော့​ကျ​​ စေ​ကာ​ ​နှ​လုံး​အား​ ​ထိ​ခိုက်​မှု​ကို​ ​သက်​သာ​​ စေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​တွေ့​ရှိ​ခဲ့​သည်​။​

​ဒေါက်​တာ​​ ဟီ​ရာ​ရို​က​ ဦး​နှောက်​၏​ ​ရှေ့​ပိုင်း​​ ဘယ်​ခြမ်း​သည်​ ​အ​ပေါင်း​ လက္ခ​ဏာ​ဆန်​သည့်​ ​လှုံ့​ဆော်​မှု​များ​ကို​ ​ပို​မို​​ သိ​ရှိ​နိုင်​ပြီး​ ​ညာ​ခြမ်း​က​မူ​ ​အ​နုတ်​​ လ​က္ခ​ဏာ​ဆန်​သော​ ​လှုံ့​ဆော်​မှု​များ​ကို​ ​သိ​ရှိ​ နိုင်​ကြောင်း​၊​ ​ဒေါ​သ​​ ထွက်​သည့်​​ အ​ခါ​တွင်​ ​စိတ်​ ​အားငယ်​ခြင်း​၊​ ​ကြောက်​ခြင်း​၊​ ​ဝမ်း​နည်း​ခြင်း​​ တို့​ကို​ ​ဖြစ်​ပေါ်​​ စေ​သည့်​ ​ညာ​ဖက်​ခြမ်း​အား​ ​လှုံ့​ဆော်​​ ပြီး​နောက်​ ​အ​နုတ်​​ လက္ခဏာ ​ဆောင်​သည့်​ ​စိတ်​​ ခံ​စား​မှု​များ​အား​ ​လျော့​ကျ​​ သွား​စေ​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သ​ည​်​။

LEAVE A REPLY

Please enter your comment!
Please enter your name here