အ​င်္ဂလန်​​ လက်​ရွေး​စင်​​ ဘော​လုံး​​အ​သင်း​ ​တောင်​​အာ​ဖ​ရိ​က​သို့​​ ရောက်​ရှိ

alt

နည်း ​ပြ​ကြီး​ ​ဖေ​ဘီ​ယို​ကာ​ပယ်​လို​ ဦး​ဆောင်​သော​ ​အ​င်္ဂလန်​ ​လက်​ရွေး​စင်​ ​ဘော​လုံး​ အ​သင်း​သည်​ ​ယ​ခု​အ​ခါ​ ​တောင်​အာ​ဖ​ရိ​က ​နိုင်ငံ​သို့​ ​ရောက်​ရှိ​နေ​ပြီ​ဖြစ်​သည်​။​

ဖ​ရန့်​လမ်း​ပတ်​၊​ ​ဂျွန်​တယ်​ရီ​၊​ ​ရီ​ယို​ဖာ​ဒီ​နန်​၊​ ​ဝိန်း​ရူ​နီ​ စ​သော​ ​က​မ္ဘာ​ကျော်​ ​ဘော​လုံး​ ကြယ်​ပွင့်​များ​ ​ပါ​ဝင်​သည့်​ ​အ​င်္ဂလန် ​အ​သင်း​သည်​ ၎င်း​တို့​ လေ့​ကျင့်ခန်း​ ဆင်း​မည့်​ ​တော်​ဝင်​ ဘို​ဖို​ကန်​ ​အား​က​စား​ စင်​တာ​ရှီ​ရာ​ ​ဖို​ကန်​မြို့​သို့​ ​ဇွန်​လ (​၃)​ရက်​နေ့​က​ ​ရောက်​ရှိ​လာ​ရာ​ ​ဒေ​သ​ခံ​ ​ကျောင်း​လေး​တ​ခု​မှ​ ​က​လေးငယ်​များ​က​ ​ရိုး​ရာ​ အာ​ဖ​ရိ​ကန်​ ​အ​က​များ​ဖြင့်​ ​က​ပြပြီး​ ​နွေး​နွေး​ထွေး​ထွေး​ ​ကြို​ဆို​ခဲ့​သည်​။​ အ​င်္ဂလန်​ ​ဘော​လုံး​အ​ဖွဲ့​ချုပ်​၏​ ​ကြို​တင်​ စီ​စဥ်​မှု​အ​ရ​ ​အ​ဆို​ပါ​ ​အား​က​စား​ စင်​တာ​တွင်​ ​ရေ​ကူး​ကန်​၊​ ​ကြံ့​ခိုင်​မှု​ လေ့​ကျင့်​ရေး​စ​ခန်း​၊​ ​ဆေး​ခန်း​ စ​သည်​တို့​ ​လို​လေ​သေး​မ​ရှိ​ ​ပါ​ဝင်​နေ​ပြီး​ ​တည်း​ခို​ရာ​ ​ဟို​တယ်​နှင့်​ ​နီး​ကပ်​စွာ​ ​တည်​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​

​အ​တွင်း​တွင်​လည်း​ ​မြင်း​ကျား၊ ​သား​ရေ​ဖြင့်​ ​အ​လှ​ဆင်​ထား​သည့်​ ​ပ​ရိ​ဘော​ဂ​ များ​ကို​ ​ကြို​တင်​ထည့်​သွင်း​ ပေးထား​သည်​။​ အ​င်္ဂလန်​အ​သင်း​တွင်​ ​နည်း​ပြ​အ​ဖွဲ့​ဝင်​ အ​ဖြစ်​ ​လိုက်​ပါ​လာ​သည့်​ ​လက်​ရွေး​စင်​ဟောင်း​ ​ဒေး​ဗစ်​ဘက်​ခမ်း​ က​ က​မ္ဘာ့​ဖ​လား​ ​ပြိုင်​ပွဲ​ကြီး​ ​နီး​ကပ် ​လာ​သည်​နှင့် ​အမျှ​ ​စိတ်​ လှုပ်​ရှား​နေ​မိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

အ​င်္ဂလန်​ အ​သင်းသည်​ ​တောင်​အာ​ဖ​ရိ​က​သို့​ ​နည်း​ပြ​အ​ဖွဲ့​၊​ ​က​စား​သ​မား​ (​၂၃) ဦး​တို့​နှင့်​ ​အ​ပို​ဆောင်း​ ​က​စား​သ​မား​ (​၁)ဦး​ တို့​ဖြင့်​ ​ရောက်​ရှိ​လာ​ခြင်း ​ဖြစ်​ပြီး​ ​ဇွန်​လ (​၁၂)​ရက်​နေ့​တွင်​ ​အ​မေ​ရိ​ကန်​ နှင့်​ ​ပွဲဦး​ထွက်​ ​ယှဥ်​ပြိုင်​ရ​မည်​ဟု​ ​သ​တင်း​ ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here